ကိုရိုနာဗိုင်းရပ်စ် အမေရိကန်တွင် ဇန်နဝါရီကပင် စတင်ပျံ့နှံ့နေခဲ့ပြီး မူလထင်ထားသည်ထက် သီတင်းပတ်များစွာ စောနေခဲ့ကြောင်း၊ ကနဦးသေဆုံးမှုများကို တုပ်ကွေးကြောင့်ဟု အထင်မှားခဲ့ကြောင်း ထိပ်တန်းကျန်းမာရေး တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၂ တွင် ပြောကြားခဲ့သည်။
အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဖေဖော်ဝါရီ ၆ က သေဆုံးခဲ့ပြီး ယင်းသည် COVID- 19 ကြောင့် သေဆုံးမှုဖြစ်ကာ အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုများ၌ အစောဆုံးဖြစ်ကြောင်း ကယ်လီဖိုးနီးယားမှ ဆန်တာကလာ ရာကောင်တီရှိ ကျန်းမာရေးအရာရှိ ဆာရာကိုဒီက ပြောကြားခဲ့သည်။
အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အစောဆုံးသေဆုံးမှုသည် ၀ါရှင်တန်တွင် ဖေဖော်ဝါရီ ၂၆ က အမျိုးသားတစ်ဦး သေဆုံးမှုဟု ထင်မှတ်ထားခဲ့ကြသည်။
အသက် ၃၀ ကျော်အရွယ် ထိုအမျိုးသားသည် ကိုရိုနာဗိုင်းရပ်စ်၏ ဗဟိုချက် ဝူဟန်မှ ပြန်လာသူဖြစ်ပြီး ရောဂါလက္ခဏာများခံစားခဲ့ရသဖြင့် အာဏာပိုင်များထံ ကိုယ်တိုင်လာရောက် အကြောင်းကြားသူဖြစ်သည်။
ကယ်လီဖိုးနီးယားတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုက အမေရိကန်တွင် ကပ်ရောဂါကူးစက်ဖြစ်ပွားမှုကို ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူများအား ပို၍နားလည်စေမည်ဖြစ်သည်။
ကယ်လီဖိုးနီးယားတွင် အမျိုးသမီးတစ်ဦး သေဆုံးမှု၊ ဖေဖော်ဝါရီ ၁၇ က အသက် ၆၉ နှစ် အမျိုးသားတစ်ဦး သေဆုံးမှု၊ မတ် ၆ တွင် အသက် ၇၀ အမျိုးသား တစ်ဦး သေဆုံးမှုတို့သည် COVID- 19 ကြောင့်ဟု အမေရိကန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စင်တာက အတည်ပြုခဲ့သည်။
ဆန်တာကလာရာကောင်တီ၌ တရုတ်နှင့် အဆက်အစပ် မရှိသူများအကြား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် ဖေဖော်ဝါရီ ၂၈ တွင် စတင်ခဲ့သည်ဟု ကနဦးကယူဆထားခဲ့သည်။ သို့သော်လည်း ယခုအတည်ပြုလူနာ သုံးဦးသည် တရုတ်သို့ ခရီးသွားခဲ့ဖူးခြင်းမရှိသူများဖြစ်သည်။
ယခင်က ယူဆထားသည်ထက် စောနေသည့် သေဆုံးသူများကို အတည်ပြုနိုင်ခြင်းက ကိုရိုနာဗိုင်းရပ်စ်သည် အမေရိကန်တွင် အစောပိုင်းကတည်းက ရောက်ရှိနေကြောင်း ညွှန်ပြနေသည်ဟု ကိုဒီကပြောကြားခဲ့သည်။ ထိုအချိန်က ဆန်တာကလာရာသည် တုပ်ကွေးရာသီကို ဖြတ်သန်းနေရကြောင်း ကိုရိုနာဗိုင်းရပ်စ်လူနာများကို တုပ်ကွေးလူနာဟု မှားယွင်းသတ်မှတ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
သေမှုသေခင်း စုံစမ်းရေးအရာရှိက သေဆုံးသူများ၏သေဆုံးမှုအကြောင်းရင်းကို မကျေနပ်၍ တစ်သျှူးနမူနာယူပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာသို့ ပေးပို့ရာမှ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများ မရနိုင်သေးပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
