လန်ချန်း-မဲခေါင် ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ အမျိုးသားလေးယောက်တွဲ၊ အမျိုးသမီးလေးယောက်တွဲ၊ အမျိုးသားသုံးယောက်တွဲနှင့် အမျိုးသမီးသုံးယောက်တွဲတွင် မြန်မာ့လက်ရွေးစင်အသင်းက ငွေ(၂)ခု၊ ကြေး(၂)ခုရရှိကြောင်း သိရသည်။
အဆိုပါ ပိုက်ကျော်ခြင်း ပြိုင်ပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအဖြစ် အောက်တိုဘာလ(၂၃)ရက်မှ (၂၇)ရက်အထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။
သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးစိုင်းဇော်ထွန်းလင်း၊ နည်းပြများ၊ အုပ်ချုပ်သူများ၊ ဒိုင်များ၊ အားကစားသမားများသည် အောက်တိုဘာလ(၂၈)ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မြင့်မြတ်နှင့် အမှုဆောင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
