ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်း တောင်ကျချောင်းရေကြောင့် ကျိုးကျပျက်စီးခဲ့ရသည့် ဆိုက်ခေါင် တံတားအစားထိုး ဆိုက်ခေါင်-မိုင်းဆတ်သွား ယာယီတံတားငယ်ကို အောက်တိုဘာ (၃၀) ရက်မှစတင်၍ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာယီတံတားငယ်၏ အရှည်မှာ (၂၂၇) ပေ ရှိပြီး အကျယ်မှာ (၁၀)ပေရှိကာ အိမ်စီးကားငယ်များနှင့် ဆိုင်ကယ်များကို ဖြတ်သန်းခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားငယ် ဖြတ်သန်းခအနေဖြင့် အိမ်စီးကားတစ်စီးလျှင် ကျပ်တစ်သောင်းခွဲ နှင့် ဆိုင်ကယ်တစ်စီးလျှင် ကျပ်ငါးထောင်သတ်မှတ်ထားကြောင်း ဒေသခံများ ပြောဆိုနေကြသော်လည်း ပေါ်ပြူလာနယူးစ်အနေဖြင့် သီးခြား စုံစမ်းနေဆဲဖြစ် သည်။
ပြီးခဲ့သော စက်တင်ဘာလ (၁၀) ရက် ညနေပိုင်းအချိန်က တောင်ကျချောင်းရေကြောင့် အဆိုပါ တံတားမှာ ရေလယ်တိုင်မှ ကျိုးကျပျက်စီးခဲ့ရပြီး၊ စက်တင်ဘာ (၂၇) ရက်မှစတင်၍ ယာယီသံဘေလီတံတားအစားထိုးတည်ဆောက်ပေးခဲ့သည်။
ယင်းကဲ့သို့ တည်ဆောက်နေစဉ်ကာလအတွင်း အောက်တိုဘာ (၁၇) ရက်နံနက် (၁၁)နာရီအချိန်၌ တံတားကြမ်းခင်းနေစဉ်ဒုတိယအကြိမ် ပြန်လည်ပြိုကျခဲ့ခြင်းဖြစ်သည်။
ယခု ပြန်လည်ဖြတ်သန်းခွင့်ပြုမည့် ယာယီတံတား တည်ဆောက်နေစဉ်ကာလအတွင်း ဒေသခံများအနေဖြင့် ကိုယ်ထူကိုယ်ထလုပ်ထားသည့် ဖောင်ဖြင့် တံတားတစ်ဘက်တစ်ချက်သို့ ကြိုးဖြင့်ဆွဲကာ ဖြတ်သန်းသွားလာနေရကြောင်းသိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
