ယူကရိန်းနှင့် တိုက်ပွဲအတွင်းတွင် မြောက်ကိုရီးယားတပ်များ ဝင်တိုက်လာခဲ့ပါက ယူကရိန်းကို အမေရိကန်လက်နက်များ အသုံးပြုခွင့်ကိုကန့်သတ်တော့မည်မဟုတ်ဟု ပင်တဂွန်က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ သင်တန်းပေးရန် ခန့်မှန်းခြေအားဖြင့် မြောက်ကိုရီးယား တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကို ရုရှားအရှေ့ပိုင်းတွင် ဖြန့်ကြက်ထားသည်ဟု ပင်တဂွန်က ပြောကြားခဲ့သည်။
အဆိုပါ စစ်သားများအနက် အချို့သည် ယူကရိန်းနယ်မြေနှင့် နီးကပ်သည့်နေရာကို ရောက်ရှိနေပြီဖြစ်ပြီး ယူကရိန်းနှင့် နယ်စပ်ရှိ ရုရှား၏ Kursk Oblast ဒေသတွင် ယူကရိန်းတပ်များကို တိုက်ခိုက်ရာတွင်ဖြစ်စေ၊ စစ်ဆင်ရေးများကို ပံ့ပိုးရန်အတွက်ဖြစ်စေ အသုံးချရန် ရုရှားက ရည်ရွယ်နေသဖြင့် စိုးရိမ်မှုမကင်း ဖြစ်မိကြောင်း ပင်တဂွန်က ပြောရေးဆိုခွင့်ရှိသူ ဆာဘရီနာ ဆင်းက ပြောကြားခဲ့သည်။
ထို့အပြင် နေတိုးအတွင်းရေးမှူးချုပ် Mark Rutte ကလည်း မြောက်ကိုရီးယားမှ တပ်ဖွဲ့တစ်ဖွဲ့ကို ယူကရိန်းက လျှပ်တစ်ပြက်ထိုးစစ်ဖြင့် ထိန်းချုပ်ခဲ့သည့် ရုရှား၏ ကာ့စ်ဒေသသို့ ဖြန့်ကျက်ထားခဲ့သည်ဟု တနင်္လာနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယားတပ်များ ကာ့စ်ဒေသသို့ ရောက်ရှိနေသည်ဆိုမှုကိုမူ ဆင်းက အတည်ပြုခဲ့ခြင်း မရှိပေ။
“သူတို့က ကာ့စ်ဆီကို ဦးတည်ချီတက်နေတာဖြစ်ဖွယ်ရှိပါတယ်။ ဒါပေမယ့် ဒီထက်ပိုတဲ့ အသေးစိတ်အချက်အလက်တွေတော့ ကျွန်တော် မရသေးပါဘူး” ဟု ဆင်းက ပြောဆိုခဲ့သည်။
Ref: ယူအက်စ်နူးစ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
