မြောက်ကိုးရီးယားသည် လာမည့်သီတင်းပတ်များစွာအတွင်း ယူကရိန်းကို တိုက်ခိုက်ရန်နှင့် လေ့ကျင့်ရန်အတွက် ရုရှားသို့ တပ်ဖွဲ့ဝင် ၁၀,၀၀၀ ခန့် စေလွှတ်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယား စစ်သားအချို့သည် ယူကရိန်းသို့ နီးကပ်လာနေပြီဟု ပင်တဂွန်ပြောခွင့်ရအမျိုးသမီး ဆာဘရီနာဆင်းက ပြောကြားပြီး ယူကရိန်း၏ထိုးစစ်ဆင်မှုကို ရုရှားက ပြန်လည်တွန်းလှန်ရန် ရုန်းကန်နေရသည့် Kursk နယ်စပ်ဒေသသို့ ဦးတည်သွားနေကြသည်ဟု ယုံကြည်ကြောင်းကိုလည်း သူမကပြောသည်။
နေတိုးအတွင်းရေးမှူးချုပ် မာ့ခ်ရုတ်ကလည်း မကြာသေးမီကသိရသော ယူကရိန်းထောက်လှမ်းရေးသတင်းများကို အတည်ပြုခဲ့ပြီး မြောက်ကိုးရီးယားစစ်တပ်အချို့ Kursk ဒေသတွင်ရှိနေပြီဖြစ်ကြောင်းကို တနင်္လာနေ့အစောပိုင်းကပင် အတည်ပြုပြောကြားခဲ့သည်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၏ အကြီးမားဆုံး ပဋိပက္ခတွင် မြောက်ကိုရီးယားစစ်သား ထောင်ပေါင်းများစွာကို ပေါင်းထည့်ခြင်းသည် အလွန်ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော ယူကရိန်းစစ်တပ်အပေါ် ဖိအားများ ပိုမိုသက်ရောက်စေမည်ဖြစ်ကြောင်း သူကဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
