အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) နှင့် ဗီယက်နမ်တို့သည် ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှုဆိုင်ရာ သဘောတူညီချက်(CEPA) ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ဗီယက်နမ်အနေဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံတစ်နိုင်ငံနှင့် ပထမဆုံး လွတ်လပ်စွာ ကုန်သွယ်မှုကို ထူထောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဗီယက်နမ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် သတင်းထုတ်ပြန်သည်။
တစ်နှစ်ကြာ ညှိနှိုင်းဆွေးနွေးမှုများလုပ်ခဲ့အပြီးတွင် တနင်္လာနေ့၌ ဒူဘိုင်းတွင် ဗီယက်နမ် ဝန်ကြီးချုပ် Pham Minh Chinh က လက်မှတ်ရေးထိုးခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။
သဘောတူညီချက်အရ အရှေ့အလယ်ပိုင်းနှင့် ကုန်သွယ်မှု တိုးမြှင့်ရန်ကြိုးပမ်းနေသော နိုင်ငံအနေ့ဖြင့် စိုက်ပျိုးရေး၊ စွမ်းအင်၊ နည်းပညာနှင့် ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍများတွင် ပို့ကုန်လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများကို လမ်းပွင့်စေလိမ့်မည်ဟု ဆိုခဲ့သည်။
CEPA အရ ယူအေအီးသည် ဗီယက်နမ်ပို့ကုန်များ၏ ၉၉ ရာခိုင်နှုန်းအပေါ် စည်းကြပ်ခွန် ဖြတ်တောက်ရမည်ဖြစ်ကာ ဗီယက်နမ်က ယူအေအီးပို့ကုန်များ၏ ၉၈ ဒဿမ ၅ ရာခိုင်နှုန်းကို စည်းကြပ်ခွန်များ ဖယ်ရှားပေးရမည်ဟု ကတိပြုထားသည်။
ပြီးခဲ့သည့်နှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၄ ဒဿမ ၇ ဘီလျံဝန်းကျင်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်ကထက် ၆ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Ref: ယူအက်စ်နူးစ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
