ပေကျင်း၊အောက်တိုဘာ ၂၉
တရုတ်အာကာသယာဉ်ကုမ္ပဏီတစ်ခုသည် အသံထက်လေးဆမြန်သော ကူးသန်းရောင်းဝယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးလေယာဉ်၏ ရှေ့ပြေးပုံစံကို အောင်မြင်စွာစမ်းသပ်ပျံသန်းနိုင်ခဲ့ပြီး အဆိုပါလေယာဉ်သည် ကွန်းကော့ဒ် လေယာဉ်ထက် နှစ်ဆပိုမြန်သည်ဟုလည်းသိရသည်။
Lingkong Tianxing Technology ဟုခေါ်သော ပေကျင်းအခြေစိုက် အာကာသသယ်ယူပို့ဆောင်ရေးက ၎င်းတို့သည် အဆိုပါလေယာဉ်သစ်အား အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ကြောင်းကြေငြာခဲ့သည်။
ဆော့ချိုင်းနားမောနင်းပို့စ်တ် သတင်းဌာန၏ ဖော်ပြချက်အရ ကုမ္ပဏီသည် ၎င်း၏အင်ဂျင်နည်းပညာကို နိုဝင်ဘာလတွင် ထပ်မံအကဲဖြတ်ရန် စီစဉ်ထားသည်ဟုလည်းသိရသည်။
“ကျွန်တော်တို့အနေနဲ့ ၂၀၂၇ ခုနှစ်မှာ ဒီလေယာဉ်ကိုပွဲဦးထွက် ပျံသန်းနိုင်ဖို့ရည်ရွယ်ထားပြီး အသံထက် လေးဆ မြန်တဲ့ ခရီးသည်တင်ဂျက်လေယာဉ်တစ်စင်းရဖို့ရည်ရွယ်တာပါ” ဟုလည်း ယင်းကုမ္ပဏီကပြောကြားခဲ့သည်။
ယခုလေယာဉ်အား အမှန်တကယ် ထုတ်လုပ်ပျံသန်းနိုင်ပါက အဆိုပါလေယာဉ်သည် အသံထက်လေးဆမြန်သဖြင့် ပေကျင်းမှနူးယော့ခ်အထိပျံသန်းရန်ကြာချိန်သည် နှစ်နာရီသာကြာမည်ဖြစ်သည်ဟုလည်းသိရသည်။
Source : မလေးမေးလ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
