ရှမ်းပြည်နယ် တောင်ပိုင်း ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွာငံတွင် ပေ ၃၅၀ ခန့် အနက်ရှိ ချောက်အတွင်းသို့ မော်တော်ယာဉ်တစ်စီး ထိုးကျမှု ခုနစ်ဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီရုံး) မှ သိရသည်။
အောက်တိုဘာ ၂၈ ရက် နေ့လည်ပိုင်းခန့်က ရွာငံ - ဟံမြင့်မိုရ်လမ်းပိုင်း ဒေသအခေါ် စခန်းကြီး အတက်အနီး ဟဲဟိုးတွင် ကထိန်ခင်းကာ မန္တလေးမြို့သို့ ဘုရားဖူးရန်လာသော ရန်ကုန်မြို့မှ ခြောက်ဘီး Mini Bus တစ်စီး အမြင့်ပေ ၃၅၀ ခန့်အနက် ချောက်အောက်သို့ ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်ပေါ်တွင် ၂၈ ဦးလိုက်ပါလာပြီး သေဆုံးသူ ခုနစ်ဦး ရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၇ ဦးရှိသည့်အနက် ခုနစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေဖြစ်သည်ဟု အဆိုပါအသင်းမှ သိရသည်။ အဆိုပါဖြစ်စဉ်တွင် ပါဝင်သူများအနက် သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို သယ်ဆောင်ရန် ရန်ကုန်မြို့ရှိ ပရဟိတအသင်းအချို့မှ သွားရောက်သယ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
" ဒီနေ့မနက်တော့ ရုပ်အလောင်းတွေကို သွားရောက်သယ်ဆောင်နေကြပါပြီ။ ဖြစ်စဉ်အသေးစိတ်တော့ မသိရသေးပါဘူး" ဟု မေတ္တာသင်္ဂဟလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ချောက်အတွင်းသို့ ထိုးကျခဲ့သည့် မော်တော်ယာဉ်ကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးရုံး) မှ ရှာဖွေကယ်ဆယ်ရေးယာဉ် နှစ်စီး၊ ရွာငံမြို့နယ်ရုံးမှ အရေးပေါ်လူနာတင်ယာဉ် သုံးစီး၊ ကျောက်ဆည်မြို့နယ်ရုံးမှ အရေးပေါ်လူနာတင်ယာဉ် တစ်စီး၊ မြို့ကြီး/ဆည်ရွာ မှ အရေးပေါ်လူနာတင်ယာဉ် တစ်စီး၊ ဟံမြင့်မိုရ်မှ အရေးပေါ် လူနာတင်ယာဉ် တစ်စီးနှင့်အတူ ရွာငံမြို့နယ်ရှိ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပရဟိတအသင်းအဖွဲ့များက ရုပ်အလောင်းများ သယ်ဆောင်ခြင်း၊ ဒဏ်ရာရရှိသူများကို အရေးပေါ်ကုသပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
