နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ရှိနေခြင်းကြောင့် Quarantine Center လေးခု ပြန်လည်ဖွင့်လှစ်ထားကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ရှိနေခြင်းကြောင့် နေပြည်တော်တွင် ပြန်လည် ဖွင့်လှစ်ပေးထားသော Quarantine Center လေးခုသည် New Ayear ဟိုတယ်၊ ဒက္ခိဏသီရိ ကုတင်(၅၀)၊ ဥတ္တရသီရိ ကုတင်(၅၀)နှင့် လယ်ဝေးအားကစားရုံတို့ဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်အထိ အဆိုပါ Quarantine Center လေးခုတွင် ထားရှိသော ထိတွေ့သူအရေအတွက်သည် ၇၀ ဦး ရှိကြောင်းနှင့် ယင်းနေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၆၇ ဦး ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးနိုင်ရေးအတွက် ပြည်သူများ Mask တပ်ရန်အတွက် Mask Campaign များ ဆောင်ရွက်ခြင်း၊ ကျောင်းများတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ နေ့စဉ် Mask တပ်၍ စာသင်ကြားရန်နှင့် ဖျားနာခြင်း၊ သံသယလက္ခဏာများတွေ့ရှိပါက ကျန်းမာရေးဌာနသို့ အကြောင်းကြားရန် အသိပေးခြင်းနှင့် စားသောက်ဆိုင်များ၊ စျေးများနှင့် လူစုလူဝေးရှိသော နေရာများတွင် Mask တပ်ရန် ဆော်သြခြင်းများ ဆောင်ရွက်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားသည့် ကိုဗစ်ပထမလှိုင်းမှ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ စုစုပေါင်း (၂၂၆၅၄)ဦးနှင့် သေဆုံးသူ စုစုပေါင်း (၇၅၆)ဦးအထိရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
