အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က)ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရ သည့် သရုပ်ဆောင်မော်ဒယ် သင်ဇာဝင့်ကျော်အား မရမ်းကုန်းမြို့နယ် တရားရုံးတွင် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက စတင်ရုံးထုတ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။
" ဒီနေ့ မနက်ပိုင်းလောက်က သင့်ဇာဝင့်ကျော် တစ်ယောက်တည်းကိုပဲ မရမ်းကုန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့တယ်။ ဘယ်နေ့ ရုံးချိန်းပြန်ချိန်းလဲ ဘာတွေစစ်ဆေးခဲ့တာလဲဆိုတာတော့ မသိရဘူး။ သူတို့ အစီအစဉ်နဲ့ပဲ ရုံးထုတ်ခဲ့တာပါ"ဟု တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက ပြောကြားသည်။
ထို့ပြင် မော်ဒယ်နန်းမွေ့စံကိုလည်း မြောက်ဒဂုံမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်း သိရပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
သရုပ်ဆောင် မော်ဒယ်သင်ဇာဝင့်ကျော်နှင့် မော်ဒယ် နန်းမွေစံတို့အား လိင်အသားပေး ဓာတ်ပုံနှင့် ဗီဒီယိုများအား လူမှုကွန်ရက်မှ အခကြေးငွေရယူပြီး ဖြန့်ဝေလျက်ရှိသည်ဟုဆိုကာ အီလက်ထရောနစ် ဥပဒေပုဒ်မ၃၃(က)ဖြင့်အမှုဖွင့်ထားကြောင်း သြဂုတ် ၅ ရက်က နစက ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
သတင်းထုတ်ပြန်မှုတွင်စိစစ်ဖော်ထုတ်ချက်များအရ သင်ဇာဝင့်ကျော်သည် ၂၀၂၁ ခုနှစ် ဩဂုတ်လခန့်မှ လိင်အသားပေးမော်ဒယ် ရှင်ယွန်းမြတ်၏ ချိတ်ဆက်ပေးမှုဖြင့် အမေရိကန်နိုင်ငံတွင် နေထိုင်သူ ဦးစီး လုပ်ကိုင်လျက်ရှိသည့် ညစ်ညမ်းဝက်ဆိုဒ်တွင် အခကြေးငွေရယူပြီး လိင်အသားပေး ဓါတ်ပုံနှင့် ဗီဒီယို ဖိုင်များတင်ရန် သင်ဇာဝင့်ကျော်အမည်ဖြင့် အကောင့်ဖွင့်လှစ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
သင်ဇာဝင့်ကျော်သည် ၂၀၂၁ ခုနှစ် ဩဂုတ် ၂၀ ရက်မှ စတင်ကာ အဆိုပါ ဝက်ဆိုဒ်တွင် လိင်အသား ပေးဓာတ်ပုံနှင့် ဗီဒီယိုများအား အခကြေးငွေ ရယူကာ Post တင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အလားတူ နန်းမွေစံသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလခန့်မှ အိန္ဒိယနိုင်ငံထုတ် အလှကုန်ပစ္စည်း ရောင်းဝယ်ရေး လုပ်ကိုင်နေသူ၏ ချိတ်ဆက်ပေးမူအရ ဝက်ဆိုဒ်တွင် လိင်အသားပေး ဓါတ်ပုံနှင့် ဗီဒိယိုများ အခကြေးငွေရယူပြီး Post တင်ခဲ့ကြောင်း သတင်းအရ သိရသည်။ ထို့ပြင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ စကာ ထပ်မံချိတ်ဆက်ပြီး လိင်အသားပေးဓါတ်ပုံနှင့် ဗီဒီယိုဖိုင်များ ထပ်မံပေးပို့ကာ Post တင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
