ဖွတ်ဖွတ် ညက်ညက်ကြေနေသော ဂါဇာကမ်းမြောင်အတွက် ကုလသမဂ္ဂအကူအညီပေးရေး အေဂျင်စီကြီးကို ပိတ်ပင်သည့် ဥပဒေကြမ်းအား အစ္စရေးလွှတ်တော်က အတည်ပြုလိုက်ပြီးနောက် အောက်တိုဘာ ၂၉ ရက်တွင် အစ္စရေးသည် နိုင်ငံတကာဝေဖန်မှုများ တိုးလာသည့်အရေးကို ရင်ဆိုင်နေရသည်။
ယင်းသို့လုပ်ဆောင်ခြင်းမပြုရန် အမေရိကန်ပြည်ထောင်စုနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့က ကန့်ကွက်နေသည့်တိုင် အစ္စရေးလွှတ်တော်အမတ်များက ပါလက်စတိုင်း ဒုက္ခသည်များအတွက် ကုလသမဂ္ဂအေဂျင်စီဖြစ်သော UNRWA ကို ပိတ်ပင်သည့် ဥပဒေကြမ်းအား တခဲနက်အတည်ပြုခဲ့ကြသည်။ အဆိုပါ အေဂျင်စီသည် အစ္စရေးနိုင်ငံမှလည်းကောင်း၊ အသိမ်းပိုက်ခံ အရှေ့ဂျေရုဆလင်မှလည်းကောင်း အလုပ်လုပ်နေသော အေဂျင်စီဖြစ်သည်။
အစ္စရေးသည် ဂါဇာသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးပို့မှုအားလုံးကို တင်းကြပ်စွာ ထိန်းချုပ်ထားသည်။ UNRWA နှင့်လည်းကောင်း ယင်းအေဂျင်စီ၏ဝန်ထမ်းများနှင့်လည်းကောင်း အစ္စရေး တာဝန်ရှိသူများ အလုပ်လုပ်ခြင်းကို တားမြစ်သည့် ဥပဒေအား လွှတ်တော်အမတ်များက ပြဋ္ဌာန်းခဲ့သည်။
UNRWA သည် ပါလက်စတိုင်းနယ်မြေများနှင့် အခြားနေရာများတွင်ရှိသော ပါလက်စတိုင်းဒုက္ခသည်များကို အရေးပါ သော အကူအညီများပေးခြင်း၊ကျောင်းထား ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောင်မှုပေး ခြင်းတို့ဆောင်ရွက်ခဲ့သည်မှာ ဆယ်စုနှစ်ခုနစ်ခု ကျော်ရှိပြီဖြစ်သည်။
“ဟားမာ့စ် စစ်သွေးကြွအဖွဲ့နဲ့ UNRWA တို့ နက်နက်ရှိုင်းရှိုင်း အဆက်အသွယ်ရှိနေပါတယ်။ အစ္စရေးက အဲဒါကို သည်းခံမှာမဟုတ်ပါဘူး”ဟု ဥပဒေကြမ်းကို လွှတ်တော်သို့တင်ပြစဉ် ယင်းဥပဒေကြမ်းကိုထောက်ခံသည့် လွှတ်တော်အမတ်များထဲကအမတ်တစ်ဦးဖြစ်သော ယူလီအယ်လ်ဒါစတိန်းက လွှတ်တော်ထဲတွင် ပြောကြားခဲ့သည်။
ပါလက်စတိုင်းစစ်သွေးကြွအုပ်စု ဟားမာ့စ်သည် ဂါဇာတွင် အစ္စရေးနှင့်စစ်ဖြစ်လျက်ရှိသည်။ ဟားမာ့စ်က ယင်းဥပဒေကြမ်းကို အစ္စရေးကျူးကျော်မှုဟု ပြောကြားခဲ့သည်။ ဟားမာ့စ်မဟာမိတ်ဖြစ်သော အစ္စလာမ်မစ် ဂျီဟတ်အုပ်စုကလည်း လူမျိုးတုံးသတ်ဖြတ်မှု မြင့်တက်လာမှုအဖြစ် ယင်းဥပဒေကြမ်းကို ခိုင်းနှိုင်းခဲ့သည်။
အစ္စရေး၏အနောက်မဟာမိတ်နိုင်ငံ အချို့ကတောင် ပိတ်ပင်မှုကိုပူပန်မိသည်ဟု ပြောကြားခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမားက UNRWA အားပိတ်ပင်ခြင်းကို အလွန်အမင်းစိုးရိမ်သည်ဟု ပြော ကြားခဲ့သည်။
ယခုကဲ့သို့ပိတ်ပင်ခြင်းက ဂါဇာ၊ အနောက်ဘက်ကမ်း၊ အရှေ့ဂျေရုဆလင်တို့တွင် UNRWA ၏လုပ်ငန်းများကို လုပ်၍မရနိုင်သည့်အနေအထားဖြစ်သွားစေလိမ့်မည်ဟု အစ္စရေးနိုင်ငံ၏လုံခြုံရေးကို ခိုင်ခိုင်မာမာ ထောက်ခံနေသော ဂျာမနီကပြောကြားခဲ့ပြီး လူသန်းပေါင်းများစွာအတွက် အရေးပါသော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ထိိခိုက်စေသည်ဟု ဆိုသည်။
ဥပဒေကိုအကောင်အထည်ဖော်မည်ဆိုပါကအစ္စရေးဥပဒေသည် ဆိုးရွားလှသော အကျိုးဆက်များရှိလာစေနိုင်သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားခဲ့ပြီး UNRWA အနေဖြင့် အရေးပါသောလုပ်ငန်းများဆက်လက်လုပ်ဆောင်ခြင်းမှ တားမြစ်ခံရမည့်အနေအ ထားဖြစ်လိမ့်မည်ဟု ဆိုသည်။
မဲခွဲမှုက အန္တရာယ်များသောသာဓကတစ်ရပ်ကို သတ်မှတ်ပေးလိုက်သည်ဟု UNRWA အကြီးအကဲ ဖီးလစ်လာဇာရီနီက သတိပေးခဲ့သည်။
အစ္စရေးသည် အစ္စရေး၏လုံခြုံရေးကို ခြိမ်းခြောက်မှုမရှိသောနည်းလမ်းဖြင့် ဂါဇာသို့ အကူအညီများ ဆက်လက်ပေးရန် အဆင်သင့်ဖြစ်နေသည်ဟု ဝန်ကြီးချုပ်ဘင်ဂျမင် နေတန်ယာဟုက ဆိုရှယ်မီဒီယာတွင်ပြော ကြားခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
