မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနှင့် သတ်မှတ်ထုတ်ပြန်ထားသော ရည်ညွှန်းနိုင်ငံခြားငွေ လဲလှယ်နှုန်းဖြစ်သည့် တစ်ဒေါ်လာလျှင် ကျပ် ၂၁၀၀ အား ပြင်ဆင်ရန်မရှိကြောင်း ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်က ပြောကြားသည်။
လူမှုကွန်ရက်တွင် ထွက်ပေါ်နေသည့် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ နိုင်ငံခြားငွေဖြင့် ရရှိသော လစာငွေများကို တစ်ဒေါ်လာလျှင် ကျပ် ၃၀၀၀ ဖြင့် လဲလှယ်ပေးမည်ဆိုသော သတင်းများနှင့်ပတ်သက်၍ ဦးအောင်အောင်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲလှယ်နှုန်း ၂၁၀၀ ဟာ ပြင်ဆင်စရာအကြောင်း မရှိပါဘူး။ အဲဒါကို လူမှုကွန်ရက်မှာ ကောလာဟလတွေနဲ့ လှုံဆော်နေတာမျိုးတွေ ရှိနေပါတယ်”ဟု ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်က ပြောကြားသည်။
၂၀၂၂ ခုနှစ် သြဂုတ် ၅ ရက်တွင် ဗဟိုဘဏ်က အမိန့်ကြော်ငြာစာအမှတ် ၃၆/၂၀၂၂ ကို ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်ကြေညာစာတွင် တစ်ဒေါ်လာကိုကျပ် ၂၁၀၀ ဖြင့်လဲလှယ်ရန် သတ်မှတ်ထားသည်။
ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် နိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့်ရရှိသော လုပ်ခ၊ လခစာ၊ သင်္ဘောသားများ၏ လစာငွေများကို (၂၁)ရက်အတွင်း ကိုယ်တိုင်သုံးစွဲခြင်း၊ အခြားသူသို့လွှဲပြောင်းခြင်း၊ ဘဏ်သို့ရောင်းချခြင်းတို့ကို လွတ်လပ်စွာဆောင်ရွက်နိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
ဗဟိုဘဏ်၏ ၂၀၂၂ ခုနှစ် သြဂုတ် ၃၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၉/၂၀၂၂ အရ ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့် ရရှိသော လုပ်ခ၊ လစာငွေနှင့်စပ်လျဉ်း၍ အဆိုပါနိုင်ငံခြားငွေကို (၂၁)ရက်အတွင်း ကိုယ်တိုင်သုံးစွဲခြင်း၊ အခြားသူသို့လွှဲပြောင်းခြင်း၊ ဘဏ်သို့ရောင်းချခြင်းတို့ကို လွတ်လပ်စွာဆောင်ရွက်နိုင်သည်။
ထို့ပြင် ဘဏ်များအနေဖြင့်လည်း ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့် ရရှိသော လုပ်ခ၊ လစာငွေများကို သင့်တင့်မျှတသော ငွေလဲလှယ်နှုန်းဖြင့် ဝယ်ယူပေးလျက်ရှိကြောင်း ဗဟိုဘဏ်က ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
