မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာရှိ ပစ္ဆိမာရုံဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးတေ ဇောဘာသသည် စက်တင်ဘာ ၁၄ ရက်က သေနတ်ဖြင့်ပစ်ခံရပြီး ပျံလွန်တော်မူသွား ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
စက်တင်ဘာ ၁၄ ရက် နံနက် ၁၁ နာရီ ခန့်တွင် ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာရှိ ပစ္ဆိမာရုံဘုန်းကြီးကျောင်းဝင်းအတွင်းသို့ PDF ၂၀ ဦးခန့်က အနက်ရောင်မှန်လုံမော် တော်ယာဉ်တစ်စီး၊ ဆိုင်ကယ်သုံးစီးတို့ဖြင့် ဝင်ရောက်လာပြီး ဆွမ်းစားဆောင်ပေါ်၌ နေ့ဆွမ်းပြင်ဆင်နေသည့် ကိုရင်ကြီးတစ်ပါးနှင့် ကိုရင်နှစ်ပါးတို့အား ဆွမ်းဝိုင်းဘေး၌ ထိုင်ခိုင်းကာ ရေချိုးနေသည့် ကျောင်းထိုင်ဆရာတော် သက်တော် ၄၈ နှစ်၊ ၀ါတော၂၈ ရှိ ဦး တေဇောဘာသအား PDF အချို့က ဆွမ်းစားဆောင်ပေါ်သို့ ဖမ်းဆီးခေါ်ဆောင်လာပြီး ဆရာတော်ကို ခြိမ်းခြောက်အကျပ်ကိုင်၍ လူဝတ်လဲခိုင်းခဲ့ရာ ဆရာတော်မှ လူဝတ်မလဲလိုကြောင်း ပြန်လည်ပြောဆိုစဉ် PDF များက ဆရာတော်အား သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်ကာ ကျောင်းဝင်းအတွင်း ရပ်တန့်ထား ရှိသည့် ဘုန်းကြီးကျောင်းပိုင် ခဲရောင် Hilux မော်တော်ယာဉ်တစ်စီးအား ယူဆောင်၍ ကန်တော်လေး-ဘုန်းကံကျေးရွာလမ်းအတိုင်း မြိုင်မြို့နယ်ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ဆရာတော် ဦးတေဇောဘာသတွင် ဦးခေါင်းနောက်စေ့ပွင့်ထွက်ဒဏ်ရာတစ်ချက်၊ ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာတစ်ချက်နှင့် ရင်ဘက်ပေါက်ပြဲဒဏ်ရာ နှစ်ချက်တို့ဖြင့် ဆွမ်းစားဆောင်ပေါ်၌ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
တစ်နိုင်လုံးတွင် လုပ်ကြံသတ်ဖြတ်မှုများကြောင့် သံဃာတော် ၅၄ ပါးနှင့်သီလရှင် ဆရာကြီးတစ်ပါးတို့ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
