ပြည်တွင်းစက်သုံးဆီစျေး ဆက်တိုက်ကျဆင်းနေပြီး ဒီဇယ်တစ်လီတာ ကျပ် ၂၀၀ ကျော်နှင့် ဓာတ်ဆီ တစ်လီတာ ကျပ် ငါးဆယ်ကျော် ထပ်မံကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။
စက်တင်ဘာ ၁၆ ရက်တွင် စက်သုံးဆီစျေးနှုန်းများအရ 92 တစ်လီတာ ၂၃၆၅ ကျပ်၊ 95 တစ်လီတာ ၂၄၅၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆၁၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ၂၇၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်သည့်စျေးနှုန်းအရ ရန်ကုန်တိုင်းတွင် ၉၂ တစ်လီတာ ၂၄၂၀ ကျပ်၊ ၉၅ တစ်လီတာ ၂၅၁၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၈၃၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၉၁၅ ကျပ် ဖြစ်သည်။
ယင်းကြောင့် 92 တစ်လီတာ ၅၅ကျပ်၊ 95 တစ်လီတာ ၆၀၊ ရိုးရိုးဒီဇယ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၁၅ ကျပ်စီ ဈေးထပ်မံကျဆင်းသွားခြင်းဖြစ်သည်။
စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည့်စျေးနှုန်းအရ ရန်ကုန်တိုင်းတွင် ၉၂ တစ်လီတာ ၂၄၈၅ ကျပ်၊ ၉၅ တစ်လီတာ ၂၅၇၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၃၀၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၁၅၀ ကျပ် ဖြစ် သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီစျေး ကြီးမြင့်မှုကြောင့် အခြေခံကုန်စည်များ စျေးကြီးမြင့်မှုကို သက်သာရန် နိုင်ငံခြားငွေ ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်မှတစ်ဆင့် ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မည့် သတင်းများ ထွက်ပေါ်လာပြီးနောက် စက်သုံးဆီစျေးများ နှစ်ရက်ဆက်တိုက် ကျဆင်းလာခဲ့သော်လည်း စင်ကာပူဆီစျေးနှုန်းမြင့်တက်လာသဖြင့် စက်တင်ဘာ ၂ ရက်တွင် ပြည်တွင်း စက်သုံးဆီစျေးများ မြင့်တက်ခဲ့သည်။
သြဂုတ် ၇ ရက်တွင် အနိမ့်ဆုံးစျေးနှုန်းဟု ဆိုနိုင်သည့် စက်သုံးဆီစျေးနှုန်းများမှာ ၉၂ တစ်လီတာ ၁၆၁၅ ကျပ်၊ ၉၅ တစ်လီတာ ၁၆၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၀၂၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ကျပ် ၁၉၇၀ ဖြစ်သည်။
စက်သုံးဆီစျေးနှုန်းများမှာ ဗဟိုဘဏ်က ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ကျပ် ၂၁၀၀ သို့ တိုးမြှင့်သတ်မှတ်လိုက်ပြီးနောက် စျေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။
စက်သုံးဆီကို သီရိလင်္ကာနိုင်ငံကြားခံ၍ တရုတ်နိုင်ငံမှ တင်သွင်းခြင်းမဟုတ်ဘဲ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ အဓိကတင်သွင်းနေခြင်းဖြစ်သည်။ ပြည်တွင်းသုံးစွဲမှုအတွက် ပြည်ပမှ ရာခိုင်နှုန်း ၉၀ ခန့်တင်သွင်းနေရပြီး ၁၀ ရာခိုင်နှုန်းခန့်သာ ပြည်တွင်းမှထုတ်လုပ်နိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
