ကရင်ပြည်နယ် မြဝတီမြို့တွင် လျှပ်စစ်မီးပြတ်တောက်မှု တစ်လနီးပါးရှိလာပြီဖြစ်၍ တနိုင်တပိုင်ထုတ်လုပ်နေသော အထည်ချုပ်လုပ်ငန်းစက်ရုံ(အိမ်ရုံ) အများအပြား ပိတ်လိုက်ရပြီဖြစ်ကြောင်းသိရသည်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ကော့နွဲရွာအနီးတွင် သြဂုတ် ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် လျှပ်စစ်တာဝါတိုင် ၂ခုကျိးပျက်ကာ မြဝတီမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့ လျှပ်စစ်ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။
ယခင် ထိုင်းနိုင်ငံမဲဆောက်ဘက်တွင်ဖွင့်လှစ်ခဲ့သော အထည်ချုပ်စက်ရုံ(အိမ်ရုံ) များ မြဝတီမြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သုံးနာရီခြား လျှပ်စစ်မီးရရှိစဉ်က မီးစက်ဖြင့် စက်ရုံလည်ပတ်ခဲ့ကြသော်လည်း ယခုအခါ လျှပ်စစ်မီးလုံးဝပြတ်တောက်သွားခြင်းကြောင့် စက်ရုံပိတ်လိုက်ရခြင်းဖြစ်သည်ဟုဆိုသည်။
အထည်ချုပ်စက်ရုံ လုပ်ငန်း လုပ်သူ တစ်ဦးက “အသေးစား စက်မှုလုပ်ငန်း၊အထည်ချုပ်ရုံ၊ အိမ်ရုံပေါ့ ။ မော်တာစက် အလုံး၂၀၊ အလုပ်သမား ၃ဝခန့်နဲ့လည်ပတ်နေတာပါ။လျှပ်စစ်မီးပြတ်တောက်သွားတော့ မီးစက်နဲ့ လည်သေးတယ်။ စက်သုံးဆီစျေးကတက်နေတော့ တစ်နေ့ ကျပ် ၅၀၀၀၀ ထိ ကုန်ကျတယ်။ လုပ်မနိုင်တော့လို့ ပိတ်လိုက်ရတော့ အလုပ်သမားတွေရဲ့ မိသားစုစားဝတ်နေရေးက အတော့်ကို အခက်အခဲဖြစ်ကြတယ်။ စက်ရုံတော်တော်များများ ပိတ်လိုက်ရပါတယ်”ဟုဆိုသည်။
ကော့ကရိတ်မြို့နယ်အနီးက ပျက်စီးသွားသော လျှပ်စစ်တာဝါတိုင်အား ပြန်လည်ပြုပြင်ကြသည့် လျှပ်စစ်လုပ်သားများကို လက်နက်ကိုင်များ၏ပစ်ခတ်ခြင်းကြောင့် နှစ်ဦး သေဆုံးခဲ့ပြီးနောက် မြဝတီမြို့ လျှပ်စစ်မီးပြန်လည်ရရှိရေးမျှော်လင့်ချက်မှေးမှီသွားသည်ဟုဆိုသည်။
မြဝတီမြို့ပေါ်ရှိ အခြေခံလူတန်းစား လက်လုပ်လက်စားများအနေဖြင့် ဖုန်းအားသွင်းရန်နှင့် နေအိမ် အလင်းရရှိရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်အလိုက်စီစဉ်ထားသော နေရာများတွင် လျှပ်စစ်မီး အားသွင်းနေကြရသည်။
ဖုန်း၊ပါဝါဘန့် ၊ အိမ်သုံးမီးအိမ်များကို မည်သူ မဆို( အခမဲ့) အားသွင်းနိုင်ရန်အတွက် မြဝတီမြို့အမှတ်(၅)ရပ်ကွက် ဖားခြောက်ကောင်ဘုန်းကြီးကျောင်းအနောက် ဝါးတောလမ်းဆုံ။ အမှတ်(၄)ရပ်ကွက် ရွှေမြင်းဝန်ဘုရားကြီးအရှေ့ဘက် လမ်းဆုံ။ အမှတ်(၄)ရပ်ကွက် အ.ထ.က (၁) ကျောင်းရှေ့ထောင့် လမ်းဘေး။ အမှတ်(၃)ရပ်ကွက် ကြံခင်းဘုန်းကြီးကျောင်းရှေ့။ အမှတ်(၄)ရပ်ကွက် မြို့နယ် လျှပ်စစ်ရုံးရှေ့တို့တွင် ထိုင်းလျှပ်စစ်မီးဖြင့် အသုံးပြုနေကြခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
