သာကေတမြို့နယ်၊ ၂/ တောင်ရပ်ကွက်၊ ဇောတရုံလမ်းနှင့် မာန်ပြေ (၁) လမ်းအနောက်လမ်းဆုံတွင် စက်တင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီခွဲ ဝန်းကျင်တွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း အနီးနေထိုင်သူများကပြောကြားသည်။
“မနက် ၁ဝနာရီခွဲလောက်မှာ သေနတ်သံတွေကြားရတယ်။ နောက်တော့မှ မာန်ပြေ (၁)လမ်း အနောက်လမ်းဆုံမှာ အမျိုးသားနှစ်ဦးသေနတ်နဲ့ပစ်ခတ်ခံရတာလို့ သိတယ်။ တစ်ဦးတော့ ဦးခေါင်းကျည်ထိမှန်ပြီးတော့ ပွဲချင်းပြီးသေတယ်။ နောက်တစ်ဦးကတော့ ခြေထောက်ကျည်ထိမှန်ဒဏ်ရာရသွားတယ်။ သေဆုံးသွားတဲ့သူက တက္ကသိုလ်ကျောင်းသားနဲ့ ဒဏ်ရာရတဲ့သူကတော့ ဆယ်တန်းကျောင်းသားလို့ ရပ်ကွက်ထဲပြောနေကြတယ်” ဟုအနီးနေထိုင်သူများက ပြောကြားသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဇောတရုံလမ်းအား ပိတ်ထားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အနီးပတ်ဝန်ကျင်အား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
