ကမာရွတ်မြို့နယ် စည်ပင်ရဲတပ်ဖွဲ့ဝင်းရှေ့တွင် စက်တင်ဘာ ၁၆ ရက် ၊ နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၆ ရက် ၊ နံနက် ၈ နာရီခွဲခန့်တွင် ကမာရွတ်မြို့နယ် ၊ ဗဟိုလမ်းပေါ်ရှိ စည်ပင်သာယာရဲတပ်ဖွဲ့ဝင်းရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါနေရာအနီးနေသူများထံမှ သိရသည်။
“မနက် ၈ နာရီခွဲလောက်က ပေါက်တာပါ။စည်ပင်သာယာရဲတပ်ဖွဲ့ဝင်းရှေ့မှာ ပေါက်တာ။ ပေါက်ကွဲသံတော့ ကြားလိုက်ရတယ်”ဟု အဆိုပါနေရာအနီးနေသူတစ်ဦးက ပြောကြားသည်။
ပေါကွဲမှုကြောင့် လမ်းသွားလမ်းလာများဖြစ်သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင်အမျိုးသမီးနှစ်ဦး နှင့် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးတစ်လုံးအား ဖောက်ခွဲပစ်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
