ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့တွင် ကျင်းပသည့် (၅၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း ပြန်ကြား ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်မှုအရ သိရသည်။
အဆိုပါအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၄ ရက် နံနက် ၈ နာရီတွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဖွင့်ပွဲအခမ်းအနား မစတင်မီ ကမ္ဘောဒီးယားဝန်ကြီးချုပ်က အာဆီယံစီးပွားရေးဝန်ကြီးများကိုတွေ့ဆုံသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
(၅၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများဖြစ်သည့် (၃၆) ကြိမ်မြောက် လွတ်လပ်သော ကုန်သွယ်မှုဒေသ ကောင်စီအစည်းအဝေးကျင်းပရာ အစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံကုန်စည် ကုန်သွယ်ရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးပြီး ဒေသတွင်းကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး ပိုမိုချဲ့ထွင်နိုင်ရန်အတွက် အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် အဆင့်မြှင့်တင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန် ကိစ္စရပ်များကို ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် အဖွဲ့ဝင်နိုင်ငံများအကြား အာဆီယံပြတင်းတစ်ပေါက်စနစ်ကို ပြည့်ပြည့်ဝ၀ အသုံးချ၍ အီလက်ထရွန်နစ်စနစ်ဖြင့် အကောက်ခွန်သက်သာခွင့် လျှောက်ထားသည့် ပင်ရင်းသက်သေခံလက်မှတ်များ လဲလှယ်ရေးကိစ္စများအပေါ် ဝန်ကြီးများက တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
ယင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှုအခြေအနေ၊ နိုင်ငံအဆင့် အခွင့်ရ စီးပွားရေးလုပ်ငန်းဆောင်ရွက်သူများ အစီအစဉ်ဆောင်ရွက်နေမှုနှင့် အကောက်ခွန်ပေါင်းစည်းမှုဆိုင်ရာ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို ဆွေးနွေးခဲ့သည်။
ထို့အတူ အဆင့်မြင့်စီးပွားရေးအရာရှိများက ဝန်ကြီးများထံ တင်ပြသည့် အစီရင်ခံစာနှင့် ၂၀၂၂ ခုနှစ် အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲကာလတွင်း ပြုလုပ်မည့် အာဆီယံရင်းနှီးမြှုပ်နှံမှု ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုများအပေါ် မှတ်တမ်းတင်ခဲ့ကြပြီး အာဆီယံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကဲဖြတ်သုံးသပ်မှု အစီရင်ခံစာ (၂၀၂၂) ကို အတည်ပြုခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုများ ဖြေလျှော့ပေးရန် ပြင်ဆင်ဆောင်ရွက်မှုများနှင့် ကပ်ရောဂါအလွန် ဒေသတွင်း အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် စီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေးအကြံပေးကောင်စီတို့၏ ဆွေးနွေးပွဲတွင် အာဆီယံစီးပွားရေးဝန်ကြီးများနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးအကြံပေးကောင်စီအဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် အာဆီယံ စီးပွားရေးအကြံပေးကောင်စီက ၂၀၂၂ ခုနှစ်အတွင်း ပုဂ္ဂလိကကဏ္ဍက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့ရာဝန်ကြီးများက အနာဂတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပုဂ္ဂလိကအခန်းကဏ္ဍက ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ပြောကြားခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
