အမျိုးသမီးများပုံစံ ဝတ်စားကာ အုပ်စုဖွဲ့လုယက်နေသူများကို အငှားယာဉ်မောင်းနှင်သူများက ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ စက်တင်ဘာ ၁၃ ရက်က အဆိုပါ လုယက်သူများကို အငှားယာဉ်မောင်းများက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရာတွင် အငှားယာဉ်မောင်းများက မော်တော်ယာဉ်များကို အသုံးပြုကာ ၀ိုင်းဝန်းဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး သာကေတမြို့နယ် ကျောက်တိုင်မှတ်တိုင်အနီးတွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း၊ အမျိုးသမီးပုံစံ ဝတ်စား ကာ လုယက်နေသည့် အမျိုးသားလေးဦးကို ဖမ်းဆီးရမိခဲ့ပြီး နှစ်ဦးမှာ လွတ်မြောက်သွားကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးများကဲ့သို့ ဝတ်ဆင်ထားသည့် အမျိုးသားအဖွဲ့မှာ အုပ်စုဖွဲ့၍ အငှားယာဉ် မောင်း များအား လုယက်ခြင်း၊ အငှားယာဉ်ငှားရမ်း စီးနင်းပြီးနောက် ယာဉ်ပေါ်တွင် ရှေ့တစ်ယောက် နောက် တစ် ယောက်ထိုင်၍ ဖုန်းလုယက်ခြင်း၊ ငွေလုယက်ခြင်းတို့ကို ကျုးလွန်ခဲ့ကြောင်း သိရသည်။
လုယက်သည့် အဖွဲ့များသည် သာကေတမြို့နယ် မင်းနန္ဒာလမ်းမပေါ်ရှိ ကျောက်တိုင်မှတ်တိုင်၊ ရွှေပုစွန် မုန့်တိုက်အနီး၊ ရန်အောင်မှတ်တိုင်အနီး ၊ ဗိုလ်တထောင်ကမ်းနား၊ ပုစွန်တောင်ကြက်ဘဲစျေး အစရှိ သည့်နေရာ များတွင် ညအချိန်များ၌ အုပ်စုဖွဲ့၍ ကျူးလွန်ကြောင်း သိရသည်။
ဖမ်းဆီးရမိခဲ့သည့် လုယက်သူများကို ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်း သိရပြီး လုယက်သူများမှာ အမျိုးသမီးကဲ့သို့ ဝတ်ဆင်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
