ကမာကြည်တံတားမှ ခုန်ချခဲ့သည့် အမျိုးသား၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိကြောင်း ပေးဆပ်သူတို့ နှလုံးသား ပရဟိတအသင်းထံမှ သိရသည်။
“ ကျွန်တော်တို့ဆီကို ဖုန်းသတင်းဝင်လာတာတော့ ညနေ ၃ နာရီခွဲကျော်ကျော်လောက်မှာပေါ့။ အဲ့ဒါနဲ့ သွားသယ်ကြတယ်။ ၄ နာရီခွဲလောက်မှာ အလောင်းတွေ့တဲ့နေရာကနေ ပြန်သယ်လာပြီး ဆေးရုံကြီးကို ပို့လိုက် ပါတယ်” ဟု ပေးဆပ်သူတို့ နှလုံးသား ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အမျိုးသား၏ ရုပ်အလောင်းအား စက်တင်ဘာ ၁၅ ရက် ညနေ ၃ နာရီခွဲကျော်တွင် သာကေတမြို့နယ် တံတားဟောင်းအနီး ငမိုးရိပ်ချောင်းနံဘေးတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပြီး တစ်ရက်အကြာတွင် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ် သည်။
အလောင်းအား သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၊သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရုပ်အလောင်းအား ဆယ်ယူပြီး သာကေတမြို့နယ်နာရေးကူညီမှုအသင်းမှ နာရေးယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီကျော်ခန့်က သာကေတမြို့နယ်နှင့် သုဝဏကို ဆက်သွယ်ထား သည့် ကမာကြည်တံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချသွားခြင်းဖြစ်သည်။
တံတားပေါ်တွင် စက်ဘီးတစ်စီး၊ အမျိုးသားစီးဖိနပ်တရံ၊ ဆေးလိပ်ဘူး၊ မီးခြစ်နှင့် ဦးထုပ်တစ်လုံးကို တွေ့ရှိခဲ့ပြီး မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် လပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး အင်းလျားကန်ထဲသို့ လူတစ်ဦးခုန်ချခဲ့ပြီး အလောင်းကို နေ့တွင်းချင်း ပြန်လည်တွေ့ရှိခဲ့သည်။
သြဂုတ် ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အင်းယားကန်တွင် လူတစ်ဦးခုန်ချကြောင်း သတင်းရရှိသဖြင့် ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ် ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
