ပြန်လည်ပြုပြင်ထားသော စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ကမီးပွိုင့် (၁၀)ခုကို ဆိုလာစနစ်တပ်ဆင်ထားကြောင်းအမှတ် (၁၇) ယာဥ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှုး ရဲမှုးမိုးကျော်ထံမှသိရသည်။
“မီးပွိုင့်ကောင်းရင် လမ်းအန္တရာယ်၊ ယာဥ်အန္တရာယ်ကင်းရှင်းရေးကို အထောက်အကူပြုပါတယ်။ ယာဥ်မောင်းသူတွေအနေနဲ့ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကိုလိုက်နာမောင်းနှင်ကြဖို့ တိုက်တွန်းလိုပါတယ်”ဟု အမှတ် (၁၇) ယာဥ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှုး ရဲမှူးမိုးကျော်က ပြောသည်။
မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းနှင့်မြို့ပတ်လမ်းဆုံမှ မြို့ပတ်လမ်းမီးပွိုင့်၊ ဗိုလ်ချုပ်လမ်းနှင့် တရုတ်တန်းလမ်းဆုံမှ မြို့လယ်မီးပွိုင့်၊ ဗိုလ်ချုပ်လမ်းနှင့် ကျောက်ကာလမ်းဆုံမှ ဇောတိကမီးပွိုင့်၊ ဗိုလ်ချုပ်လမ်းနှင့် လယ်တီလမ်းဆုံမှ တမာတန်းမီးပွိုင့်၊ ပြည်ထောင်စုလမ်းနှင့် မြို့ပတ်လမ်းဆုံမှ ထန်းတောမီးပွိုင့်၊ ပြည်ထောင်စုလမ်းနှင့် ကျောက်ကာလမ်းဆုံမှ ကျောက်ကာမီးပွိုင့်၊ ပြည်ထောင်စုလမ်းနှင့် သာစည်လမ်းဆုံမှ သာစည်မီးပွိုင့်၊ ပြည်ထောင်စုလမ်းနှင့် လယ်တီလမ်းဆုံမှ ရေစင်မီးပွိုင့်၊ ကျောက်ကာလမ်းနှင့် ရန်ကင်းလမ်းဆုံမှ ရန်ကင်းမီးပွိုင့်နှင့် ကျောက်ကာလမ်းနှင့် ရေကူးကန်လမ်းဆုံမှ ရေကူးကန်မီးပွိုင့်တို့ကို ပြုပြင်ထားခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေလမ်းညွှန်ပံ့ပိုးပေးမှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိက ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး လျပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဒုတိယတိုင်းဒေသကြီး အင်ဂျင်နီယာက အတွင်းရေးမှုးဆောင်ရွက်ကာမုံရွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှုးနှင့် အမှတ် (၁၇)ယာဥ်ထိန်းရဲတပ်ဖွဲ့ခွဲ ဒုတပ်ဖွဲ့ခွဲမှုးတို့က မီးပွိုင့်များကို၂၀၂၄ ခု၊ ဇွန်လ (၁၃)ရက်မှ စတင်ပြင်ဆင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
မုံရွာမြို့ရှိမီးပွိုင့် (၁၀)ခုသည် ၂၀၂၁ ခုနှစ်မှ စတင်၍ ဖျက်ဆီးခံခဲ့ရရာ မီးလုံးမှအပ ကျန်သည့်ပစ္စည်းများ ပျက်စီးသွားသည့်အတွက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်က ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြန်လည်စည်ကားလာသည့် မုံရွာမြို့တွင် မီးပွိုင့်များ ပြန်လည်ပြုပြင် ဆောင်ရွက်ရန် ဆုံးဖြတ်ညွှန်ကြားလာသည့်အတွက် (၃)လ ကျော်ကာလအတွင်း အပြီးပြန်လည်ပြုပြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
