အလှူရှင် နည်ပါးလာမှုကြောင့် လာမည့် နိုဝင်ဘာ(၁)ရက်မှစ၍ ရှမ်း/မြောက်နောင်ပိန်စစ်ရှောင်များ စားသောက်ရေးအတွက် မိမိအစီအစဉ်ဖြင့် ရပ်တည်သွားရမည်ဟု ကမ်းလင့်လက်များလူမှုကူညီရေးအသင်း (နောင်ပိန်)က ယမန်နေ့တွင် အသိပေးထားသည်။
လက်ရှိ နောင်ပိန် စစ်ရှောင်စခန်းတွင် ဒေသတွင်း စစ်ရှောင်ပြည်သူ (၃၄)ဦးသာကျန်ရှိတော့ပြီဖြစ်ကြောင်းနှင့် ၎င်းတို့၏စားသောက်ရေးကို ယခုလ အောက်တိုဘာ (၃၁)ရက်အထိသာ နောက်ဆုံးထား ကျွေးမွေးသွားမည်ဖြစ်ကြောင်း ဆိုသည်။
ရှမ်း/မြောက် တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားချိန်မှစ၍ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုတို့ရှိ ဒေသတွင်းစစ်ရှောင်ပြည်သူများကို ယခု အောက်တိုဘာလကုန်အထိ ၄ လကြာ စားသောက်ရေးအတွက် ကျပ်သိန်း (၈၀၀) ကျော် လှူဒါန်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အသင်း၏ အသိပေးချက်တွင် ဖော်ပြထားသည်။
အသင်းအတွက် အလှူရှင်ပေါ်ပေါက်လာပါက လိုအပ်သည့် ဆန်၊ ဆီ၊ ဆား၊ စက်သုံးဆီများကိုသာ ဝယ်ယူအားဖြည့်ပေးသွားတော့မည်ဖြစ်သည်ဟု ၎င်းတို့၏ အသိပေးချက်တွင်ပါရှိသည်။
ယခင်က ဒေသတွင်းစစ်ရှောင်များမှာ နောင်ပိန်ကျေးရွာရှိ လူမှုကူညီရေးအသင်းရုံးအပါအဝင် ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံများတွင် ခိုလှုံနေကြရပြီး၊ စစ်ရှောင်ဦးရေ (၄၈၀) ကျော်အထိ ခိုလှုံခဲ့ကြရကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
