လွန်ခဲ့သည့် တစ်လကျော်က ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးအရပ်တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတွင် ေ-သဆုံးခဲ့သော အဖွဲ့ အတွင်းရေးမှူးချုပ် ဟက်ဆန် နက်စ်ရယ်လာ၏ နေရာအတွက် ဒုတိယ အတွင်းရေးမှူးချုပ် Naim Qassem ကို ရွေးချယ်လိုက်သည်ဟု လက်ဘနွန် လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာက အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ဖေါ်ပြောကြားလိုက်သည်။
အဖွဲ့၏ Shura ကောင်စီသည် အတွင်းရေးမှူးချုပ် ရွေးချယ်ခြင်းဆိုင်ရာ အဖွဲ့၏ လုပ်ထုံးလုပ်နည်းနှင့်အညီ Qassem (၇၁ နှစ်) ကို ရွေးချယ်တင်မြှောက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။
Qassem ကို အတွင်းရေးမှူးချုပ် အဘတ်စ် အယ်လ် မူဆာဝီက ၁၉၉၁ ခုနှစ်တွင် အဖွဲ့၏ ဒုတိယခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့သည်။ အယ်မူဆာဝီသည် ၁၉၉၂ ခုနှစ်တွင် အစ္စရေး၏ ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှုအတွင်း ေ-သဆုံးခဲ့ခြင်းဖြစ်သည်။
နက်စ်ရယ်လာ ခေါင်းဆောင်ဖြစ်လာချိန်တွင်လည်း ဒုတိယခေါင်းဆောင်နေရာတွင် ဆက်ရှိနေခဲ့သည့် Qassem သည် ဟားမတ်စ်၏ ကာလကြာရှည် ပြောရေးဆိုခွင့်ရသူများထဲတွင် ပါဝင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်က အစ္စရေးနှင့် နယ်စပ်ဖြတ်ကျော် ရန်စောင်မှုများ ပြင်းထန်လာသောကိစ္စအပါအဝင် ပြည်ပမီဒီယာများနှင့် အင်တာဗျူးများ ဖြေကြားခဲ့သည်။
နက်စ်ရာလာသည် စက်တင်ဘာ ၂၇ ရက်တွင် သ–တ်ဖြ–တ်ခံခဲ့ရပြီး ၎င်း၏ နေရာကိုဆက်ခံရန် အလားအလာအရှိဆုံးသူဖြစ်သည့် ဟစ်ဇ်ဘိုလာ အကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ်သူ Hashem Safieddine သည်လည်း ပြီးခဲ့သည့် သီတင်းပတ်ကပင် အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ေ-သဆုံးခဲ့သည်။
Ref: အယ်လ်အာရေဗျနူးစ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
