ပေကျင်း၊အောက်တိုဘာ ၂၉
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတရှီသည် ကမ္ဘောဒီးယားဘုရင် နိုရိုဒွန်စီဟာမနီ၏ နန်းသက် နှစ် ၂၀ ပြည့်နှစ်ပတ်လည်ကို ချီးကျုးဂုဏ်ပြုသည့် သဝဏ်လွှာပေးပို့ခဲ့ကြောင်းသိရသည်။
စီဟာမနီသည် လွန်ခဲ့သည့် အနှစ် ၂၀၊၎င်းနန်းတက်ချိန်မှစ၍ ကမ္ဘောဒီးယားနိုင်ငံ၏ ငြိမ်းချမ်းရေး၊တည်ငြိမ်ရေး၊ဖွံ့ဖြိုးတိုးတက်ရေး၊ပြန်လည် ဆန်းသစ်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့ပြီး တရုတ် – ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား အစဉ်အလာချစ်ကြည်ရေးကို ခိုင်မြဲစေရန်သန္နိဋ္ဌာန်ချမှတ်ထားသူဖြစ်သည်ဟုလည်း သမ္မတရှီကရေးသားထားသည်။
နှစ်နိုင်ငံခေါင်းဆောင်များ၏ ပူးပေါင်းလမ်းညွှန်မှုဖြင့် တရုတ် – ကမ္ဘောဒီးယားနှစ်နိုင်ငံအသိုက်အဝန်းသည် အရည်အသွေးမြင့်၊အဆင့်မြင့်မားပြီး စံချိန်စံညွှန်းမြင့်မားသည့် ခေတ်သစ်တစ်ခုသို့ရောက်ရှိနေပြီဟုလည်း၎င်းကဆိုခဲ့သည်။
“စိန်ဆဋ္ဌဂံ” ပူးပေါင်းဆောင်ရွက်မှုမူဘောင်သည်လည်း နှစ်နိုင်ငံဆက်ဆံရေးအတွက် ခိုင်မာသောတိုးတက်မှုဖြစ်ခဲ့ပြီး စက်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့်”ငါးနှင့်စပါးစင်္ကြန်” ဟုခေါ်သော နှစ်နိုင်ငံစိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုများကလည်း အပြုသဘောဆောင်သော ဦးတည်ချက်များဖြစ်လာခဲ့သည်ဟုဆိုသည်။
တရုတ်-ကမ္ဘောဒီးယား ပြည်သူအချင်းချင်းသည်လည်း ရင်းနှီးချစ်ကြည်မှုရကာ နှစ်နိုင်ငံပူးပေါင်းမှုများက နှစ်ဖက်ပြည်သူများအတွက် မြင်သာထင်သာသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးနိုင်ခဲ့ကြောင်းလည်း ရှီကပြောကြားခဲ့သည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
