ပခုက္ကူသီးနှံဈေးကွက်အတွင်း ကာလရှည် အနိမ့်ဈေးဖြင့် ရောင်းဝယ်နေသည့် ပဲစင်းငုံသီးနှံမှာ အိန္ဒိယနိုင်ငံမှဝယ်ယူမည်ဟု သတင်းထွက်ပေါ်လာပြီး အောက်တိုဘာလကုန်ပိုင်းတွင် တစ်တင်း ၁၈၄၀၀ ကျပ်ထိ ရောက်ရှိ လာကြောင်း ပခုက္ကူ သီးနှံဈေးကွက်အတွင်း ရှိကုန်သည်များထံမှသိရသည်။
အောက်တိုဘာလ တတိယပတ်ထိ ပဲစင်းငုံ တစ်တင်း ၁၄၁၀၀ ဝန်းကျင်ခန့်သာ ပေါက်ဈေးရှိခဲ့သော်လည်း အောက်တိုဘာလကုန်ပိုင်းတွင် အိန္ဒိယနိုင်ငံမှ ဝယ်ယူမည်ဟု သတင်းထွက်ပေါ်လာခြင်းကြောင့် တစ်တင်း ၄၀၀၀ ကျပ်ခန့်ထိ ဈေးနှုန်းမြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။
ပခုက္ကူသီးနှံဈေးကွက်အတွင်း အောက်တိုဘာ ၃၁ ရက် ဈေးကွက်တွင် ပဲစင်းငုံ (အဟောင်း) တစ်တင်း ကျပ် ၁၈၄၀၀ ၊ ပဲစင်းငုံ (အသစ်) တစ်တင်း ကျပ် ၁၇၅၀၀-၁၈၀၀၀ ဖြင့် ရောင်းဝယ်ခဲ့ပြီး ပဲစင်းငုံအသစ်များအ ရောင်းအဝယ်ပိုမိုများပြားကြောင်း သိရသည်။
“မတ်ပဲတက်ရင် ပဲစင်းငုံဈေးကလည်း လိုက်တက်နေကြ။ အောက်တိုဘာလလယ်ပိုင်းတုန်းကလည်း မတ်ပဲဈေးတက်လို့ ပဲစင်း ငုံဈေးလိုက်တက်ဘူးတယ်။ သို့ပေမဲ့ ၁၆၅၀၀ ကျပ်လောက်ထိရောက်ပြီး ဈေးပြန်ကျသွားတယ်။ လက်ရှိအခြေအနေကတော့ ပဲစင်းငုံကို အိန္ဒိယ ဝယ်မယ်ဆိုပြီး သတင်းတွေ ထွက်လာတာကြောင့် ဈေးတက်ပေးပြီး ဝယ်တယ်။ ပဲစင်းငုံအသစ်တင်း ၁၈၀၀၀ ကျပ်ကို ဝယ်သူဖက်က လိုလိုချင်ချင် ပေးဝယ်သွားတယ်။ တချို့လည်း နိုဝင်ဘာလထဲမှာ ဈေးထပ်တက်မယ်လို့ ခန့်မှန်းနေကြတယ်။ အိန္ဒိယဖက်ကို လက်လှမ်းမီသလောက် မေးကြည့်တော့ ပဲစင်းငုံ ဝယ်မယ်ဆိုတာမျိုး မကြားရဘူး။ ပြည်တွင်းသမားတွေ မေးပြန်တော့ ဝယ်မယ်ဆိုပြီး ပြောနေကြတယ်။ အစိုးရချင်း တရားဝင် ဝယ်ဖို့ ချိတ်ဆက်တာမျိုးတော့ ခုထိမကြားရသေးဘူး” ဟု ပခုက္ကူမြို့မှ ပဲစင်းငုံရောင်းဝယ်ရေး လုပ်ကိုင်သူ ကိုထွန်းထွန်းအောင်က ပြောသည်။
ပဲစင်းငုံဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ကုန်လက်ကျန်များပြားနေသည့် ကုန်သည်များ ဆုံးရှုံးမှု နည်းပါးနိုင်ပြီး လက်ရှိ ပခုက္ကူကုန်သည်အများစုတွင် ပဲစင်းငုံအဟောင်း လက်ကျန် နည်းပါးသွားပြီး ပဲစင်းငုံ အသစ် ကျန်ရှိမှုများပြားကြောင်း သိရသည်။
“တောင်သူရဲ့ လက်ထဲမှာတော့ ပဲစင်းငုံက မရှိတော့ဘူး။ မနှစ်ကအထွက်လည်း လျော့တော့ရတဲ့ ဈေးနဲ့ ရောင်းကြတာများတယ်။ တက်နိုင်ခြေလည်း မရှိတော့ ရတဲ့ဈေးနဲ့ ရောင်းလိုက်ကြတာ။ ဒီနှစ်အနေနဲ့ကတော့ ကျွန်တော်တို့က လုံးဝစိုက်မထားဘူး။ ဈေးကောင်းတယ်ဆိုရင်တော့ နောက်နှစ်စိုက်ဖို့ စဉ်းစားရမှာပေါ။ တစ်တင်း ၂၀၀၀၀ မကျော်ဘဲနဲ့တော့ စိုက်ဖြစ်မယ်မထင်ဘူး” ဟု ပခုက္ကူ မြို့နယ်တွင်း တောင်သူတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများအတွင်း အိန္ဒိယနိုင်ငံသို့ ပဲစင်းငုံတန်ချိန် နှစ်သိန်းတင်ပို့ခဲ့သော်လည်း ပဲစင်းငုံဈေးနှုန်းမှာ မြင့်တက်ခြင်းမရှိဘဲ တစ်တင်းလျှင် ကျပ် ၁၅၀၀၀ ဝန်းကျင်သာ ပေါက်ဈေးရှိ ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
