မြန်မာနိုင်ငံနှင့် ကုန်သွယ်ဖက်နိုင်ငံ ၁၈၄ နိုင်ငံအနက် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုအများဆုံးဖြစ်ပြီး ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ အမေရိကန် စသည့်နိုင်ငံများမှာ ကုန်သွယ်မှုပမာဏ အနည်းအများအလိုက် အစဉ်လိုက်ရပ်တည် လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၁၈ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ (Mini Budget) ကာလအတွင်း ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈ ဒသမ ၄ ဘီလျံ ခန့်အထိ စံချိန်တင်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာနှစ်ဘီလျံကျော် ကုန်သွယ်မှုပိုမိုပြုလုပ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ခြောက်လတာကာလအတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈ ဒသမ ၄ ဘီလျံရရှိခဲ့ပြီး အဆိုပါကာလအတွက် ကုန်သွယ်မှု ပမာဏလျာထားချက်သည် ဒေါ်လာ ၁၃ ဒသမ ၇ ဘီလျံဖြစ်သဖြင့် လျာထားချက်ထက် ကျော်လွန်ကာ ၁၃၃ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
“လက်ရှိဘဏ္ဍာနှစ်က ထူးခြားပါတယ်။ ကာလတိုဘဏ္ဍာနှစ် ဖြစ်ပါတယ်။ ဒီကာလတိုဘဏ္ဍာနှစ်မှာ ကျွန်တော်တို့ရဲ့ ကုန်သွယ်မှုဟာခြောက်လပဲ ဆောင်ရွက်ရတဲ့အနေအထား ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ မိုးတွင်းကာလဟာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုပမာဏနည်းတဲ့ကာလ ဖြစ်ပါတယ်။ အဲဒီလို ကုန်သွယ်မှုပမာဏနည်းတဲ့ ကာလမှာတောင် ပို့ကုန်ဟာ ဒေါ်လာ ၈ ဒသမ ၅၁၂ ဘီလျံဖြစ်ပြီးတော့ သွင်းကုန်ဟာ ၉ ဒသမ ၈၃၄ ဘီလျံ ဖြစ်လို့ ကုန်သွယ်မှုပမာဏဟာ ဒေါ်လာ ၁၈ ဒသမ ၃၄ရဘီလျံရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒီရရှိမှုဟာ ယာယီစာရင်းဖြစ်ပါတယ်။ သက်ဆိုင်ရာဌာနတွေနဲ့ စာရင်းချုပ်ပြီးချိန်ကျရင်တော့ အတည်ပြုစာရင်းဟာ ဒီထက်ပိုများဖို့ရှိပါတယ်။ ဒီပမာဏဟာ ယခင်နှစ်ကာလတူ ပမာဏထက် နှစ်ဘီလျံကျော်ပိုများတဲ့အနေ အထားဖြစ်ပါတယ်” ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက ပြောကြားခဲ့သည်။
အဆိုပါကုန်သွယ်မှုပမာဏအနက် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှာ ၇၇ ရာ ခိုင်နှုန်းဖြစ်ပြီး နယ်စပ်ကုန်သွယ်မှုမှာ ၂၃ ရာခိုင်နှုန်း ပါဝင်ကြောင်း၊ ကုန်သွယ်ဘက်နိုင်ငံ ၁၈၄ နိုင်ငံအနက် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုမှာ အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့မှာ အစဉ်လိုက်ရပ်တည်နေကြောင်း သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်ပတ်အတွင်း ပြည်ပသို့ ပို့ကုန်အမေရိကန်ဒေါ်လာ သန်း ၄၇၀ ကျော်အထိ တင်ပို့ထားပြီး ယခင်နှစ်ကာလတူထက် နှစ်ဆကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။
ပြည်ပကုန်သွယ်မှုတွင် လယ်ယာထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ သတ္တုပစ္စည်း၊ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းများနှင့် အခြားပို့ကုန်များ တင်ပို့နေခြင်း ဖြစ်သည်။
သွင်းကုန်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း စသည်တို့ကို တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပ ပို့ကုန်/ သွင်းကုန်တန်ဖိုး ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံ ကုန်သွယ်နိုင်ရန် ရည်မှန်းထားပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၅၀၀ သာ ဖြစ်ပေါ်စေရန် ရည်မှန်းဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
