ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော်၌ ကျင့်သုံးနေသည့် အလုပ်တွင် ထိခိုက်မှုဆိုင်ရာ အာမခံစနစ် (Employment Injury Insurance –EII) ကို မြန်မာနိုင်ငံတွင် အမြန်ဆုံးကျင့်သုံးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
“ဒါကိုလေ့လာပြီးရင် ကိုယ့်နိုင်ငံအတွင်းမှာရှိတဲ့ ပြည်တွင်းမှာရှိတဲ့ ဥပဒေနဲ့ ပြန်ချိန်ဆမယ်။ ချိန်ဆပြီးတော့မှ ဒါကိုရေးဆွဲမယ်။ ပြန်ပြီးတော့ပြုပြင်မယ်။ စနစ်ကိုပြန်သုံးသပ်ပြီးတော့မှ လူမှုဖူလုံရေးအဖွဲ့မှာလည်း ကြီးကြပ်မှုကော်မတီရှိတယ်လေ။
အဲဒီမှာတင်ပြပြီးတော့ အမြန်ဆုံးကျင့်သုံးနိုင်အောင် ဆောင်ရွက်ပါမယ်” ဟု ပြည်ထောင်စုဝန်ကြီး ပြောကြားသည်။
အောက်တိုဘာ ၃၀ ရက်က နေပြည်တော်ရှိ M Gallery ဟိုတယ်တွင်ပြုလုပ်သည့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံနစ်နှင့်ပတ်သက်၍ အသိပညာမျှဝေသည့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတွင် သတင်းမီဒီယာများ၏မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက အထက်ပါ ကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၌ အလုပ်တွင် ထိခိုက်မှုဆိုင်ရာ အာမခံစနစ်ကျင့်သုံးနိုင်ရန် အနည်းဆုံး တစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်ပြီး ဥပဒေနှင့်ပတ်သက်၍ ပြင်ဆင်မှုများနှင့် ဖြည့်စွက်မှုများ ဆောင်ရွက်ရမည့်အပြင် အမိန့်နှင့်ညွှန်ကြားချက်များဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
အလုပ်တွင် ထိခိုက်မှုဆိုင်ရာအာမခံစနစ် (EII) အား ဂျာမနီနိုင်ငံမှ စတင်ကျင့်သုံးခဲ့သည့်စနစ်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အတွေ့အကြုံနည်းသည့်အတွက် ဂျာမနီနိုင်ငံနှင့် မလေးရှားနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် ပြည်တွင်းပညာရှင်များပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲမှ ဖော်ထုတ်သွား မည်ဖြစ်ကြောင်း သိရသည်။
“ရရှိတဲ့အချက်တွေအပေါ်မှာ မူတည်ပြီးတော့မှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေမှာ ပြင်ဖို့လိုတဲ့ကိစ္စတွေလည်း ဖြစ်ပေါ်လာမယ်။ EII ဆိုတဲ့ အလုပ်ခွင်ထိခိုက်မှု အာမခံစနစ်ဟာ ကမ္ဘာ့နိုင်ငံ ၁၇၀ ကျော်မှာ ကျင့်သုံးနေတာဖြစ်တဲ့အတွက် နိုင်ငံအများစုကျင့် သုံးနေတဲ့စနစ်ဖြစ်တယ်။ အကောင်းဆုံးထဲက ဖြစ်တယ်လို့ပြောဆိုနိုင်ပါတယ်။ အဲဒါကို လူမှုဖူလုံရေးအဖွဲ့က ပြုပြင်ပြောင်းလဲနေတဲ့ အချိန်ရှိပါတယ်။ ပြုပြင်ပြောင်းလဲမှုလေးခု လုပ်နေပါတယ်။ အဲဒါလည်း ဒီကိစ္စနဲ့အကျုံးဝင်ပါတယ်။ အဲဒါကြောင့်မို့လို့ ဒီအလုပ်ရုံဆွေးနွေးပွဲဟာ အရေးကြီးတယ်။ လူမှုဖူလုံရေးနဲ့ပတ်သက်ပြီးတော့မှ အရေးပါတဲ့အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
မြန်မာနိုင်ငံလူမှုဖူလုံရေး အဖွဲ့အနေဖြင့် လူမှုဖူလုံရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အကျုံးဝင်အာမခံ အလုပ်သမားပေါင်း ၁ ဒသမ ၂၅ သန်း၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်ရရှိရန်အတွက် မြို့နယ်ပေါင်း ၁၁၆ မြို့နယ်တွင် အလုပ်သမားဆေးရုံကြီး သုံးရုံ၊ ရုံးခွဲပေါင်း ၇၇ ရုံ၊ မြို့နယ်ဆေးခန်းပေါင်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၅၅ ခန်း၊ လူမှုဖူလုံရေး ကဲလ်ဝဲဆေးခန်းနှစ်ခန်း၊ တိုင်းရင်းဆေး ကုခန်းတစ်ခန်းနှင့် ရွေ့လျားဆေးကုသယာဉ်နှစ်စီးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
