လျှို့ဝှက်ထိန်းသိမ်းအပ်သော သတင်းအချက်အလက်များကို သက်ဆိုင်သူများက ထိန်းသိမ်းအပ်သည်ဟု ယုံကြည်ကြောင်း သို့မှသာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ဆောင်ရာတွင် အချင်းချင်းကြား ပိုမိုခိုင်မာသော ယုံကြည်မှုနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU ) က ပြောကြားသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ လိပ်မူ၍ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက အောက်တိုဘာ ၂၇ ရက် ရက်စွဲဖြင့် အကြောင်းကြားစာ တစ်စောင်ပေးပို့ခဲ့ပြီး အဆိုပါအကြောင်းကြားစာမှာ လူမှုကွန်ရက်သို့ ပျံ့နှံ့သွားခြင်းနှင့်ပတ်သက်၍ ရှင်းလင်းချက်ထုတ်ပြန်ရာတွင် KNU က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အောက်တိုဘာ ၂၇ ရက်တွင် KNU က ပေးပို့ခဲ့သည့်စာ၌ အဖွဲ့အစည်း၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် အဓိပ္ပါယ် ပြည့်ဝစွာပါဝင်မှု ဖြစ်စေရန်အတွက်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုလုံး တညီတညွတ်တည်း ပါဝင်ရန် လုံလောက်သည့် အချိန်ကာလတစ်ခု ရယူရန်လိုအပ်သည့်အတွက်လည်းကောင်း လတ်တလောကျင်းပမည့် အစည်းအဝေးများတွင် KNU ၏ ပါဝင်မှုအား ယာယီရပ်ဆိုင်းထားကြောင်း KNU က ဒေါ်အောင်ဆန်းစုကြည်ထံ အသိပေးခဲ့ခြင်းဖြစ်သည်။
KNU က ပေးပို့သည့် စာပါအကြောင်း အရာအရ KNU သည် ဒီမိုကရေစီကို အခြေခံပြီး ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည့်အလျောက် အဖွဲ့အစည်းအနေဖြင့် စုပေါင်းတာဝန်ယူမှု၊ တာဝန်ခံမှုနှင့်အတူ ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်များတွင် တစ်ဦးချင်းစီက တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ပွင့်လင်းမြင်သာမှုများ ရှိရမည်ဖြစ်ကြောင်း KNU က ဆိုသည်။
၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅-၁၆ ရက်က နေပြည်တော်တွင်ပြုလုပ်ခဲ့သော အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ သီးသန့်အစည်းအဝေး၏ သဘောတူညီချက်များအား ပြန်လည်ချပြခြင်း၊ ဆွေးနွေးခြင်း၊ အတည်ပြုခြင်း၊ ညှိနှိုင်းလုပ်ဆောင်ခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်းများကို အဖွဲ့အစည်းအတွင်း ပြုလုပ်ရမည်ဖြစ်သည်ဟု KNU ၏ ရှင်းလင်းချက်တွင် ဖော်ပြခဲ့သည်။
သို့ဖြစ်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှု အသစ်ဖြစ်သည့် ယန္တရား၊ မူဘောင်နှင့် ဆုံးဖြတ်ချက်ချမည့်ပုံစံအား အဖွဲ့ဝင်များအားလုံးနှင့် ကရင်ပြည်သူလူထုတို့ နားလည်ရန်နှင့် သဘောတူညီမှု ရယူရန် လိုအပ်နေသေးသည့်အတွက် KNU အနေဖြင့် လတ်တလောကျင်းပမည့် အစည်းအဝေးများ တက်ရောက်ပါဝင်မှုများကို ယာယီဆိုင်းငံ့ထားမည်ဟု KNU က ယခုရှင်းလင်းချက်တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
