ရန်ကုန်စည်ပင် နယ်နမိတ်အတွင်းရှိ ဖူဆယ်ဘောလုံးကွင်း ၁၅၈ ကွင်းအား စံချိန်စံညွှန်း စစ်ဆေးသွားမည်ဖြစ်ပြီး စံချိန်စံညွှန်း မပြည့်မီသည့်ကွင်းများ ထောက်ခံချက်ရရှိမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဌာနမှူး ဦးကိုကိုလင်းက ပြောကြားသည်။
“ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း ပုဂ္ဂလိက ဖူဆယ်ဘောလုံးကွင်းက ၁၅၈ ကွင်းရှိတယ်။ လိုင်စင်ရဖို့ ကိစ္စကို တိုင်းဒေသကြီးအမိန့် စောင့်နေတယ်။ အားကာကနေပြီးတော့ ဖူဆယ်ကွင်းနဲ့ ပတ်သက်ပြီး စံချိန်စံညွှန်း ကိုက်ညီမှုရှိမရှိ စစ်ဆေးပေးပါဆိုပြီး တိုင်းဒေသကြီးအစိုးရကို တင်ထားတယ်။ တိုင်းဒေသကြီးက ညွှန်ကြားချက်လေး စောင့်နေတယ်။ အစ်ကိုတို့ကို လုပ်ပါဆိုလည်း စံချိန်စံညွှန်းတွေကို အားကာကနေ တောင်းပြီးတော့ လုပ်ပေးမှာဖြစ်တယ်” ဟု ဦးကိုကိုလင်းက ပြောကြားသည်။
ဖူဆယ်ဘောလုံးကွင်းများနှင့် ပတ်သက်ပြီး ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အစည်းအဝေးသို့ တင်ပြပြီး စံချိန်စံညွှန်း ကိုက်ညီကာ မြေယာကိစ္စများ ရှင်းလင်းပါက စည်ပင်စီမံရေးရာဌာနသို့ လွှဲပြောင်းကာ လိုင်စင်ထုတ်ပေးသည့် လုပ်ငန်းကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“စီမံကတော့ လိုင်စင်ထုတ်ပေးတာ၊ ဦးတို့ဌာနက မြေပိုင်ဆိုင်မှုစစ်မယ်။ စံချိန်စံညွှန်းလေးတစ်ခုပဲ အမိန့်စောင့်နေတာ၊ အားကာကနေ စံချိန်စံညွှန်းရပြီဆိုရင် အဲဒီစံချိန်စံညွှန်တိုင်း ဟုတ်မဟုတ် မြေပြင်ဆင်းတိုင်းမယ်။ စံချိန်စံညွှန်း ပြည့်မီတာဆိုရင် ထောက်ခံပေးမယ်။ စံချိန်စံညွှန်း မပြည့်မီရင် မထောက်ခံပေးဘူး” ဟု ဦးကိုကိုလင်းက ပြောကြားသည်။
၂၀၁၈ စက်တင်ဘာ ၃ ရက်တွင်ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကော်မတီများ အစည်းအဝေး ဆုံးဖြတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် ပုဂ္ဂလိက ဖူဆယ်ဘောလုံးကွင်းများ ထူထောင်ဖွင့်လှစ်ကာ အခကြေးငွေရယူပြီး ငှားရမ်းခြင်းလုပ်ငန်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။
ဖူဆယ်အားကစားကွင်း တစ်ကွင်းအတွင်း သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ လိုအပ်သော အခြေခံ အဆောက်အအုံများ ပြည့်စုံမှုရှိမရှိ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၏ ထောက်ခံချက်ရယူရန်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာန၏ သဘောထားမှတ်ချက် ရယူဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဖော်ပြပါ အချက်များ ပူးတွဲလျက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာဌာနသို့ လုပ်ငန်းလိုင်စင် လျှောက်ထားတင်ပြ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းလိုင်စင်ရရှိမှသာ ဖူဆယ်ဘောလုံးကွင်း ဖွင့်လှစ်ငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်ရမည်ဖြစ်သည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်အတွင်း ဖူဆယ်ဘောလုံးကွင်း ဖွင့်လှစ် တည်ဆောက် ငှားရမ်းခြင်း လုပ်ငန်းများအား ခွင့်ပြုချက်လိုင်စင်ရယူ ဆောင်ရွက်ကြရန်နှင့် ခွင့်ပြုချက်မဲ့လုပ်ငန်း လိုင်စင်မဲ့လုပ်ငန်း ဆောင်ရွက်ခြင်းများ တွေ့ရှိပါက တည်ဆဲစည်ပင်သာယာ ဥပဒေများနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
