နိုင်ငံတော် အကြည်ညိုပျက်စေမှုနှင့် တရားရုံး မထီမဲ့မြင်ပြုမှု စသည့်ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် နှစ်နှစ်ခွဲ ကျခံနေရသည့် အောင်ကိုထွေးအား နိုင်ငံတော်အထိမ်းအမှတ် ဥပဒေပုဒ်မ ၇ ဖြင့် တရားစွဲဆိုထားမှုကို ဗိုလ်တထောင်တရားရုံးတွင် အောက်တိုဘာ ၃၀ ရက်က အပြီးပြတ်လွှတ် အမိန့်ချမှတ်ခဲ့သည်။
အောင်ကိုထွေးအား အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းတွင် ဗိုလ်တထောင်မြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ပြီး နိုင်ငံတော် အထိမ်းအမှတ် ဥပဒေပုဒ်မ ၇ ဖြင့် တရားစွဲဆိုထားမှုကို မြို့နယ်တရားသူကြီးက အပြစ်မရှိ ဟုဆိုကာ အမိန့်ချမှတ် ခဲ့ခြင်းဖြစ်သည်။
သို့သော် အောင်ကိုထွေးမှာ ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးမှ ချမှတ်ထားသည့် နိုင်ငံတော် အကြည်ညိုပျက်စေမှုအတွက် ထောင်ဒဏ်နှစ်နှစ်၊ တရားရုံး မထီမဲ့မြင်မှုအတွက် ထောင်ဒဏ်ခြောက်လ ချမှတ်ခံထားရမှုအား ဆက်လက်ကျခံရမည်ဖြစ်သည်။
“ဒီကနေ့ ဆိပ်ကမ်းမြို့နယ်မှူးက တရားလို လုပ်စွဲတာပါ။ ဒီနေ့က တရားသေလွှတ်ခြင်း ဖြစ်ပါတယ်။ ဆိပ်ကမ်းကနေ ဗိုလ်တထောင်ကို ရုံးပြောင်းလျှောက်ကတည်းက စိတ်ချမ်းသာရပါတယ်” ဟု အောင်ကိုထွေးဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေတစ်ဦးက ပြောကြားသည်။
နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ်နှစ်နှစ်၊ တရားရုံး မထီမဲ့မြင်မှုဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးတွင် ထောင်ဒဏ်ခြောက်လ ချမှတ်ခံထားရမှုမှာ လွတ်မြောက်ရန် သုံးလခန့်သာ လိုတော့ကြောင်း သိရသည်။
အောင်ကိုထွေးအမှုမှာ ယခင်က ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးတွင် စစ်ဆေးခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ရုံးပြောင်းလျှောက် စစ်ဆေးခွင့် လျှောက်ထားရာမှ ဗိုလ်တထောင် တရားရုံးတွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
အောင်ကိုထွေးမှာ ကလေးစစ်သားဘဝ အတွေ့အကြုံများအား မီဒီယာတစ်ခုကို ထုတ်ဖော်ပြောဆိုပြီးနောက် နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံရခြင်းဖြစ်ကြောင်း တရားရင်ဆိုင်နေရသည့် အချိန်တွင် အခြေခံဥပဒေ စာအုပ်အားနင်းပြီး ဆန္ဒထုတ်ဖော်ခဲ့သဖြင့် ထပ်မံတရားရင်ဆိုင် ခဲ့ရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
