ဇူလိုင် ၁၇ ရက် သို့မဟုတ် ဇူလိုင် ၁၈ ရက်တွင် အိန္ဒိယနိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် တစ်သန်းအထိ ရောက်ရှိလာမည့် အခြေအနေရှိပြီး ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက် ၂၅၀၀၀ နီးပါးရှိနေစဉ် မကြာသေးမီက ဖြေလျှော့ပေးထားခဲ့သော ပိတ်ပင်ကန့်သတ်ချက်များကို နိုင်ငံတစ်ဝန်းရှိ ဒေသဆိုင်ရာအာဏာပိုင်များက ပြန်လည်ပြဋ္ဌာန်းနေကြသည်။
အိန္ဒိယနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်များထဲမှတစ်ခုဖြစ်သော ဘီဟာပြည်နယ်ကို ဇူလိုင် ၁၆ ရက်တွင် Lockdown ချခဲ့သော်လည်း ပတ်နာမြို့လမ်းမများထက်တွင် ပုံမှန်အတိုင်း ယာဉ်အသွားအလာ များပြားနေခြင်းက ဘီဟာပြည်နယ်တွင် နေထိုင်သော လူ ၁၂၅ သန်းကျော်ကို အသွားအလာပိတ်ပင် ကန့်သတ်ရန်ခက်ခဲမည့်အသွင်ရှိနေသည်ကို ပြသနေသည်။
လွန်ခဲ့သည့် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၌ ကပ်ရောဂါကြောင့် လူ ၆၀၀ ကျော် သေဆုံးကြောင်း သတင်းထုတ်ပြန်ချက်ထွက်ရှိလာခဲ့ပြီးနောက် နီပေါနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြောက်ပိုင်း ဘီဟာပြည်နယ်ကို ၁၅ ရက်ကြာ Lockdown ချခဲ့ခြင်းဖြစ်ကာ တောင်အာရှတစ်ဝန်းတွင် ရောဂါပိုး ကူးစက်ပျံ့နှံ့မှုသည် စိုးရိမ်ဖွယ်ဖြစ်ကြောင်း ကြက်ခြေနီအဖွဲ့က သတိပေးခဲ့သည်။
လူ ၁၃ သန်းနေထိုင်ရာ ဘန်ဂလိုမြို့ကို သီတင်းတစ်ပတ်ကြာ Lockdown ချခဲ့ပြီးနောက် တစ်ရက်အကြာတွင် ကျန်းမာရေး စောင့်ရှောက်မှုစနစ် အားနည်းသော ဘီဟာပြည်နယ်၌ Lockdown ချခဲ့ခြင်းဖြစ်သည်။ ဘီဟာပြည်နယ်တွင်းရှိ စာသင်ကျောင်းများ၊ ကလပ်များ၊ ဘုရားကျောင်းများ၊ မလုပ်မဖြစ် လုပ်ရန် မလိုအပ်သော စီးပွားရေးလုပ်ငန်းများကို ပိတ်ထားရန် အမိန့်ထုတ်ပြန်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကိုမူ ဆက်လက်လုပ်ကိုင်ခွင့် ပြုထားသည်။
အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များ ပြေးဆွဲခြင်းကို ရပ်ဆိုင်းထားသော်လည်း ကိုယ်ပိုင်မော်တော်ယာဉ်များ မောင်းနှင်ခြင်းကို ဆက်လက်ခွင့်ပြုထားကြောင်း၊ ဘီဟာပြည်နယ် မြို့တော် ပတ်နာ၌ ယာဉ်အသွားအလာသည် ဇူလိုင် ၁၆ ရက် နံနက်ခင်းတွင် ပုံမှန်အတိုင်း ရှုပ်ယှက်ခတ်နေဆဲဖြစ်ကြောင်း အေအက်ဖ်ပီသတင်းထောက်တစ်ဦးက ဆိုသည်။
ရောဂါကာကွယ်၊ ထိန်းချုပ်ရေးစည်းမျဉ်းစည်းကမ်းများ ကင်းမဲ့နေခြင်းကြောင့် ဂိုအာပြည်နယ်နှင့် အိန္ဒိယရှိ အခြားသောပြည်နယ်များကို ဇူလိုင် ၁၆ ရက်ညနေခင်းမှ စ၍ သုံးရက်ကြာ Lockdown ချမည်ဖြစ်ပြီး ညမထွက်ရအမိန့်ကို သြဂုတ် ၁၀ ရက်အထိ သတ်မှတ်ထားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
“လူတွေက ပါတီပွဲတွေတက်ဖို့ အပြင်ထွက်ကြတယ်။ အကြောက်အလန့်နဲ့ သတိထား၊ ဆင်ခြင်နိုင်စွမ်း နည်းနေကြတယ်။ နှာခေါင်းစည်းမတပ်လို့ ဒဏ်ရိုက်ခံရတဲ့သူ ၄၀၀၀၀ ကျော်ရှိပါတယ်။ စည်းမျဉ်းစည်းကမ်း ချိုးဖောက်လို့ ဖမ်းဆီးခံထားရတဲ့သူတွေလည်း အများအပြားရှိပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ် ပရာမော့တ်ဆာဝမ့်က ပြောကြားခဲ့သည်။
ဘန်ဂလိုမြို့သည် ကူးစက်ရောဂါထိန်းချုပ်ရေးလုပ်ငန်းကို နိုင်နိုင်နင်းနင်း ပိုမိုလုပ်ဆောင်နိုင်မည့် အသွင်ရှိနေကာ မြို့တွင်းရှိ ကုမ္ပဏီအများအပြားသည် ဝန်ထမ်းများအား နေအိမ်မှနေ၍ အလုပ်လုပ်ကိုင်ခြင်းကို ဆောင်ရွက်ပေးထားပြီးဖြစ်သောကြောင့် အသွားအလာပိတ်ပင်ကန့်သတ်ချက်များ ပြန်လည်ချမှတ်ခြင်း၏ သက်ရောက်မှုကို အနည်းငယ်သာ ခံစားရသည်။ ဘန်ဂလိုမြို့တည်ရှိရာ ကာနာတာကာပြည်နယ်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၅၀၀၀၀ နီးပါးရှိသည်။
တောင်အာရှဒေသသည် ဗိုင်းရပ်စ်ကူးစက်မှု နောက်ထပ်ဗဟိုချက်တစ်ခုအဖြစ် အလျင်အမြန် ထွက်ပေါ်လာနေသည်ဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများဖက်ဒရေးရှင်း IFRC က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
