ဘင်္ဂလားဒေ့ရှ်တွင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု၌ negative ရလဒ်များထွက်ပေါ်ကြောင်း အတုအယောင်မှတ်တမ်း ထောင်ပေါင်းများစွာ ထုတ်ပေးခဲ့သည်ဟု စွပ်စွဲခံခဲ့ရသော ဆေးရုံပိုင်ရှင်တစ်ဦးသည် အိန္ဒိယသို့ ထွက်ပြေးရန်ကြိုးစားစဉ် ဇူလိုင် ၁၅ ၌ ဖမ်းဆီးခံခဲ့ရသည်။
လူနာများအား ၎င်း၏ဆေးခန်းနှစ်ခုတွင် ရောဂါစစ်ဆေးမှုများပင် မပြုလုပ်ဘဲ COVID-19 ကင်းစင်ကြောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခဲ့သည်ဟု စွပ်စွဲချက်များအတွက် ဆေးရုံပိုင်ရှင် မိုဟာမက်ရှာဟက်အား ခြေရာခံဖမ်းဆီးခဲ့ရာ ကိုးရက်အကြာတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ထိုမှတ်တမ်း အတုအယောင် ပြုလုပ်မှုများနှင့်ပတ်သက်၍ အသက် ၄၂ နှစ်ရှိ ရှာဟက်အပါအဝင် လူတစ်ဒါဇင်ကျော် ဖမ်းဆီးခံခဲ့ရသည်။
လူဦးရေ ၁၆၈ သန်းနေထိုင်သော ဘင်္ဂလားဒေ့ရှ်တွင် ထိုအတုအယောင်မှတ်တမ်းများ ထုတ်ပေးမှုသည် ပြင်းထန်နေပြီဖြစ်သော ဗိုင်းရပ်စ်ကူးစက်မှုအခြေအနေကို ပိုမိုဆိုးရွားစေခဲ့ကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့ကြသည်။
ဆေးရုံပိုင်ရှင် ရှာဟက်သည် မွတ်စလင် အမျိုးသမီးဝတ်စုံ ဝတ်ထားလျက် အိန္ဒိယသို့ ထွက်ပြေးရန် ကြိုးစားနေစဉ် နယ်စပ်၏ မြစ်ကမ်းတစ်ခု၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း Rapid Action Battalion ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးအာရှီဘီလာက ပြောကြားခဲ့သည်။
ရှာဟက်၏ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်အတွက် စစ်ဆေးမှု ၁၀၅၀၀ ပြုလုပ်ခဲ့ပြီး ၄၂၀၀ သည် အစစ်အမှန်ဖြစ်ကာ ၆၃၀၀ က စမ်းသပ်စစ်ဆေးမှုပင် မလုပ်ဘဲ ကင်းစင်ကြောင်းရလဒ် ထုတ်ပေးခဲ့သည်ဟု ထိုပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
မြို့တော်ဒါကာရှိ ၎င်း၏ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုနှင့် ကုသမှုများအား အခမဲ့ပြုလုပ်ပေးမည်ဟု အစိုးရနှင့် သဘောတူထားသော်လည်း ရှာဟက်သည် ယင်းဝန်ဆောင်မှုများအတွက် ငွေကြေးယူခဲ့သည်ဟု စွပ်စွဲခံထားရသည်။
ဘင်္ဂလားဒေ့ရှ်တွင် လတ်တလောအထိ ဗိုင်းရပ်စ်ကူးစက်အတည်ပြုလူနာ ၂၀၀၀၀၀ နီးပါးအနက် ၂၄၅၇ ဦး သေဆုံးခဲ့သည်ဟု အစိုးရက ထုတ်ပြန်ခဲ့သော်လည်း ရောဂါစစ်ဆေးနိုင်မှု အကန့်အသတ်ရှိမှုကြောင့် အမှန်တကယ်အရေအတွက်သည် ယင်းထက် ပိုမိုများပြားနိုင်ခြေရှိသည်ဟု ဆေးဘက်ကျွမ်းကျင်သူများက ပြောကြားခဲ့ကြသည်။
ထိုအတုအယောင်ပြုလုပ်မှု အရှုပ်တော်ပုံကြောင့် ပြည်ပသို့သွားရောက်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများအား ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ကြောင်း၊ ၎င်းတို့၏ နေရပ်ပြန်ပို့ငွေများသည် ဘင်္ဂလားဒေ့ရှ် စီးပွားရေးအတွက် အဓိကကျကြောင်း ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ OKUP မှ ရှကီရူအစ္စလာမ်က ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုအား ဟန့်တားရန် အီတလီသည် ဘင်္ဂလားဒေ့ရှ်မှ ရောမမြို့သို့ ပျံသန်းသော လေကြောင်းခရီးစဉ်များကို ပြီးခဲ့သော သီတင်းပတ်တွင် ဆိုင်းငံ့ခဲ့သည်။ ဒါကာမှလာရောက်သော ခရီးသည်အများအပြားတွင် COVID-19 စစ်ဆေးရာ Positive ရလဒ်များ ထွက်ပေါ်ခဲ့သည်။ အီတလီတွင် Positive ရလဒ် ထွက်ပေါ်ခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအချို့သည် ဘင်္ဂလားဒေ့ရှ်မှ ရောဂါစစ်ဆေးမှု မှတ်တမ်းအတုများ ယူဆောင်ခဲ့ကြသည်ဟု ယူဆရကြောင်း အစ္စလာမ်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
