၂၁၀၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ ၈.၈ ဘီလျံအထိ မြင့်တက်လာနိုင်ခြေရှိပြီး လတ်တလော ကုလသမဂ္ဂခန့်မှန်းချက်များထက် နှစ်ဘီလျံ လျော့နည်းနိုင်ခြေရှိကြောင်း ဇူလိုင် ၁၅ ရက်တွင် ထုတ်ပြန်သည့် လေ့လာမှုတစ်ခုက ဖော်ပြခဲ့သည်။
ရာစုနှစ် အဆုံးမသတ်မီ နိုင်ငံပေါင်း ၁၉၅ နိုင်ငံအနက် ရွှေ့ပြောင်းအခြေချ အစုလိုက် ဝင်ရောက်မှုကို ပိတ်ပင်ထားသည့် ၁၈၃ နိုင်ငံတွင် လူဦးရေပမာဏကို ထိန်းသိမ်းရန်လို အပ်သော အစားထိုးစံသတ်မှတ်ချက်အောက် ရောက်နိုင်ခြေရှိကြောင်း အပြည်ပြည်ဆိုင်ရာသုတေသနပညာရှင် များအဖွဲ့က The Lancet တွင် ဖော်ပြခဲ့သည်။
ဂျပန်၊ စပိန်၊ အီတလီ၊ ထိုင်း၊ ပေါ်တူဂီ၊ တောင်ကိုရီးယားနှင့်ပိုလန်နိုင်ငံတို့ ပါဝင်သည့် နိုင်ငံ၂၀ ကျော်တွင် လူဦးရေသည် ထက်ဝက်ထက်မနည်း လျော့နည်းလာနိုင်ခြေရှိသည်ဟုလည်း ယင်းလေ့လာမှုတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံတွင် လက်ရှိ လူဦးရေ ၁.၄ ဘီလျံရှိနေပြီး လာမည့် နှစ် ၈၀ အတွင်း သန်း ၇၃၀ သို့ ကျဆင်းနိုင်ခြေရှိသည်ဟုလည်း ဖော်ပြထားသည်။
အာဖရိကအောက်ပိုင်းဒေသတွင် လူဦးရေသည် သုံးဘီလျံကျော်အထိ သုံးဆနီးပါး မြင့်တက်လာမည်ဖြစ်ပြီး နိုင်ဂျီးရီးယားနိုင်ငံတွင် သန်း ၈၀၀ နီးပါး ရှိလာလိမ့်မည်ဖြစ်သည်။
“အစားအစာထုတ်လုပ်မှုစနစ်တွေနဲ့ ပတ်သက်တဲ့ ဖိစီးမှုနည်းပါးမှု၊ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုနည်းပါးမှုအပြင် အာဖရိကအောက်ပိုင်းဒေသရဲ့ အစိတ်အပိုင်းတွေအတွက် အရေးပါတဲ့ စီးပွားရေးအခွင့်အရေးတွေနဲ့အတူ ဒီခန့်မှန်းချက်မှာ သဘာဝပတ်ဝန်းကျင်အတွက် ကောင်းသတင်းတွေကို ဖော်ပြထားတယ်” ဟု လေ့လာမှုကို ဦးဆောင်ခဲ့သည့် ၀ါရှင်တန်တက္ကသိုလ်ရှိ Institute for Health Metrics and Evaluation (IHME) မှ ညွှန်ကြားရေးမှူး ခရစ်စတိုဖာမာရေးက ပြောကြားခဲ့သည်။
သို့သော် အာဖရိက ပြင်ပရှိ နိုင်ငံအများစုတွင် လုပ်သားအင်အားကျုံ့သွားမှု၊ လူဦးရေ ပိရမစ် ပြောင်းပြန်ဖြစ်မှုတို့ကို မြင်တွေ့ရမည်ဖြစ်ပြီး စီးပွားရေးအတွက် အနုတ်သဘောဆောင်မှုများ ဖြစ်နိုင်ခြေရှိသည်။
ယင်းအမျိုးအစားတွင် ဝင်ငွေမြင့်မားသည့် နိုင်ငံများအတွက် လူဦးရေပမာဏနှင့် စီးပွားရေးတိုးတက်မှုကို ထိန်းထားရန်အတွက် အကောင်းဆုံးဖြေရှင်းမှုများသည် ရွှေ့ပြောင်းအခြေချမှုဝါဒများ ပြောင်းလွယ် ပြင်လွယ်ရှိရန်နှင့် ကလေးလိုချင်သည့် မိသားစုများအတွက် လူမှုဆိုင်ရာထောက်ပံ့မှုများပေးရန်ဖြစ်ကြောင်း လေ့လာမှုက သုံးသပ်ခဲ့သည်။
“ဒါပေမဲ့ လူဦးရေကျဆင်းမှုနဲ့ ရင်ဆိုင်မှုက မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုတွေမှာ တင်းကျပ်တဲ့မူဝါဒတွေ ထည့်သွင်းစဉ်းစားတဲ့နိုင်ငံတွေအတွက် အန္တရာယ်ရှိပြီး ထိခိုက်ပျက်စီးမှုတွေ ဖြစ်လာနိုင်ခြေရှိတယ်” ဟု မာရေးက သတိပေးခဲ့သည်။
အမျိုးသမီးများ၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးသည် အလွန်အရေးပါပြီး အစိုးရတိုင်း၏ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်၏ ထိပ်ဆုံး၌ရှိသည်ဟု လေ့လာမှုတွင် ဖော်ပြထားသည်။ လူမှုဝန်ဆောင်မှုလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များသည် သက်ကြီးရွယ်အိုလူဦးရေများကို ထည့်သွင်းစဉ်းစားရန်အတွက် အလုံးစုံပြုပြင်စစ်ဆေးရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
မွေးဖွားနှုန်းကျဆင်းပြီး ကမ္ဘာတစ်ဝန်းတွင် လူ့သက်တမ်း မြင့်တက်လာသောကြောင့် အသက်ငါးနှစ်အောက် ကလေးအရေအတွက်သည် ၂၀၁၇ ခုနှစ်တွင် ၆၈၁ သန်းရှိရာမှ ၄၀ ရာခိုင်နှုန်းကျော် ကျဆင်းပြီး ၂၁၀၀ ပြည့်နှစ်တွင် ၄၀၁ သန်းသာရှိမည်ဟု လေ့လာမှုတွင် ဖော်ပြခဲ့သည်။
ယင်းကာလတွင် ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံကျော်ဖြစ်သော ၂.၃၇ ဘီလျံသည် အသက် ၆၅ နှစ် ကျော်များဖြစ်လာမည်ဖြစ်သည်။ အသက် ၈၀ ကျော်ဦးရေသည် မျက်မှောက်ကာလတွင် သန်း ၁၄၀ ရှိရာမှ ၂၁၀၀ ပြည့်နှစ်တွင် ၈၆၆ သန်း ရှိလာမည်ဖြစ်သည်။
အလုပ်လုပ်နိုင်သည့် လူဦးရေ၏ အရေအတွက်နှင့် အချိုး သိသိသာသာကျဆင်းမှုသည် နိုင်ငံများစွာတွင် ကြီးမားသည့် စိန်ခေါ်မှုများဖြစ်လာနိုင်သည်ဟု လေ့လာမှုတွင် ဖော်ပြထားသည်။
“လူ့အဖွဲ့အစည်းတွေက အလုပ်သမားနဲ့ အခွန်ထမ်းတွေ ကျဆင်းလာတွေအတွက် ရုန်းကန်ရလိမ့်မယ်” ဟု IHME မှ ပါမောက္ခ Stein Emil Vollset က ပြောကြားခဲ့သည်။
ဥပမာ တရုတ်တွင် အလုပ်လုပ်နိုင်သူ အရေအတွက်သည် မျက်မှောက်ကာလတွင် သန်း ၉၅၀ ခန့်ရှိရာမှ ရာစုနှစ်အကုန်မတိုင်မီ သန်း ၃၅၀ ကျော်အထိ ၆၂ ရာခိုင်နှုန်းကျ ဆင်းလိမ့်မည်ဟုလည်း ထိုလေ့လာမှုတွင် ဖော်ပြထားသည်။
အိန္ဒိယတွင်လည်း အလုပ်လုပ်နိုင်သူဦးရေသည် ၇၆၂ သန်းမှ ၅၇၈ သန်းသို့ ကျဆင်းသွားမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
