ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သုံးပုံတစ်ပုံနီးပါး ရေနစ်မြုပ်နေခဲ့ပြီး တောင်အာရှတွင် မုတ်သုံရာသီ ရေကြီးမှုများကြောင့် လူလေးသန်းနီးပါး ဒုက္ခကြုံတွေ့နေရသည်ဟု တာဝန်ရှိသူများက ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ဇွန်မှ စက်တင်ဘာအတွင်း ကျရောက်သည့် မုတ်သုံရာသီသည် အိန္ဒိယတိုက်ငယ်၏ စီးပွားရေးအတွက် အရေးပါရုံသာမက နှစ်စဉ် တောင်အာရှတစ်ဝန်းတွင် သေဆုံးမှုနှင့် ပျက်စီးမှုများလည်း ဖြစ်ပွားစေခဲ့သည်။
“ဒါက ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်တာပါ” ဟု ဘင်္ဂလားဒေ့ရှ်၏ ရေဘေးကြိုတင်ခန့်မှန်းချက်နှင့် သတိပေးစင်တာ၏ဥက္ကဋ္ဌ Arifuzzaman Bhuiyan က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟိမဝန္တာဒေသ၏ အဓိကမြစ်ကြောင်းနှစ်ခု ဖြစ်သည့် ဗြဟ္မပုတြမြစ်နှင့် ဂင်္ဂါမြစ်တို့တွင် ရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
မြစ်ချောင်း ရာနှင့်ချီရှိပြီး ရေကြီးမှုဖြစ်လေ့ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သုံးပုံတစ်ပုံခန့်သည် ရေနစ်မြုပ်နေကြောင်း၊ ကျေးလက်ရှိ နေအိမ်များနှင့် လမ်းများတွင် ရေလွှမ်းမိုးခဲ့ပြီး လူ ၁.၅ သန်းထက်မနည်း ရေကြီးမှုဒဏ်ခံခဲ့ရကြောင်း Bhuiyan က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် ဗြဟ္မပုတြမြစ်ရေသည် ပုံမှန်ထက် ၄၀ စင်တီမီတာနီးပါး မြင့်တက်ခဲ့ပြီး မြစ်ကမ်းပါးများ ကျိုးပေါက်မည့်အလားအလာရှိနေကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးFarook Ahmed က ပြောကြားခဲ့သည်။ ရွာသားအများစုသည် ၎င်းတို့၏ရေ လွှမ်းပြီးပျက်စီးနေသော နေအိမ်များအနီး နေထိုင်ရန် ကြိုးစားခဲ့သော်လည်း လူ ၁၅၀၀၀ ခန့်သည် ရေကြီးမှုဒဏ် ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့သည့် ဒေသများမှ ထွက်ပြေးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
၁၀ ရက်အတွက် ခန့်မှန်းမှုတွင် ရေမြင့်တက်လာမည်ဟု ဖော်ပြခဲ့ပြီး မြစ်ကမ်းပါးများ ကျိုးပေါက်ပါက နိုင်ငံ၏ ၄၀ ရာခိုင်နှုန်းတွင် ရေကြီးမှုဖြစ်ပွားနိုင်သည်ဟု Bhuiyan က ပြောကြားခဲ့သည်။
အိန္ဒိယအရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်တွင် မေလလယ်မှစပြီး လူ ၂.၁ သန်း ကျော် ရေကြီးမှုဒဏ်ခံခဲ့ရသည်။ ရေကြီးမှု မြင့်တက်လာသောကြောင့် လူ ၅၀ ထက်မနည်း သေဆုံးခဲ့ပြီး ကျေးလက်နေသူအများစုပါဝင်သည့် သောင်းနှင့်ချီသော လူများကို ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
“ဒီမှာ ကျွန်တော်တို့ စိန်ခေါ်မှုနှစ်ခု ကြုံတွေ့ရတယ်။ တစ်ခုက COVID-19 နဲ့ ကျန်တစ်ခုက ရေကြီးမှုပါ” ဟု ဒေသဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့၏ခေါင်းဆောင် Abhijeet Kumar Verma က ပြောကြားခဲ့သည်။
နီပေါနိုင်ငံတွင် မုတ်သုံမိုးကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပြီး လူ ၅၀ ထက်မနည်း သေဆုံးခဲ့သည်။ နေအိမ်များ ရေနစ်မြုပ်ခဲ့ပြီး လမ်းနှင့် တံတားများလည်း ပျက်စီးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
