ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို လူတွင် စမ်းသပ်သည့် နောက်ဆုံးအဆင့်ကို ဇူလိုင် ၂၇ တွင် ဆောင်ရွက်သွားမည်ဟု အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Moderna က ဇူလိုင် ၁၅ တွင် ပြောကြားခဲ့သည်။
Moderna နှင့် အမျိုးသားကျန်းမာရေးသိပ္ပံတို့ ပူးတွဲထုတ်လုပ်ထားသော ထိုကာကွယ်ဆေးသည် ကိုရိုနာဗိုင်းရပ်စ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်ခြင်း ရှိ၊ မရှိ လူ ၃၀၀၀၀ တွင် စမ်းသပ်လေ့လာမည်ဖြစ်သည်။ မတ်လက စေတနာ့ဝန်ထမ်း ၄၅ ဦးတွင် ဆောင်ရွက်ခဲ့သော စမ်းသပ်မှု၏ ရလဒ်များကို ဇူလိုင် ၁၄ ၌ ထုတ်ပြန်ခဲ့ရာ Moderna ၏ ကာကွယ်ဆေးသည် လုံလောက်သော ခုခံအား တိုးတက်မှုကို ဖြစ်စေခဲ့ကြောင်း သိရသည်။
Phase 3 စမ်းသပ်မှုတွင် လူ ၃၀၀၀၀ အနက် ထက်ဝက်အား ကာကွယ်ဆေး မိုက်ခရိုဂရမ် ၁၀၀ ထိုးပေးမည်ဖြစ်ပြီး ကျန်ထက်ဝက်အား အာနိသင်မရှိသော ပလာစီဘိုးထိုးပေးမည်ဖြစ်သည်။
ထို့နောက် သုတေသနပညာရှင်များသည် ကာကွယ်ဆေးက ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်နိုင်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် နှစ်နှစ်ကြာ ခြေရာခံ စောင့်ကြည့်မည်ဖြစ်သည်။
လေ့လာမှုကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၇ အထိ ဆောင်ရွက်မည်ဖြစ်ပြီး အကြိုရလဒ်များသည် ထိုကာလမတိုင်မီ ရရှိနေမည်ဖြစ်သည်။
ကမ္ဘာတစ်ဝန်း လူ ၁၃.၂ သန်းကျော် ကူးစက်ခံထားရပြီး ၅၇၀၀၀၀ သေဆုံးစေထားသော ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး ရရှိရေး တစ်ကမ္ဘာလုံးက ကြိုးပမ်းနေပြီး Moderna က ဦးဆောင်နေရာကို ရရှိထားသည်ဟု သတ်မှတ်ခံထားရသည်။
သို့သော်လည်း စျေးကွက်သို့ ပထမဆုံးရောက်ရှိလာသော ကာကွယ်ဆေးများသည် ထိရောက်မှုအရှိဆုံးနှင့် ဘေးကင်းစိတ်ချရမှု အရှိဆုံး ဖြစ်ချင်မှ ဖြစ်မည်ဟု သိပ္ပံပညာရှင်များက သတိပေးထားသည်။
Moderna သည် မေလတွင် Phase 3 စမ်းသပ်မှု ရလဒ်များကို ထုတ်ပြန်ခဲ့ရာ ကနဦးရလဒ်များက အားတက်ဖွယ် အဖြေကို ပေးခဲ့သည်ဟုဆိုသည်။ သို့သော်လည်း အချို့သိပ္ပံပညာရှင်များက ကာကွယ်ဆေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ပေးရန် ကျွမ်းကျင်ပညာရှင်များ၏ အပြန်ပြန်အလှန် လှန်သုံးသပ်မှုကို ရသည်အထိ စောင့်ဆိုင်းလိုသည်ဟု ပြောကြားခဲ့သည်။
New England Journal of Medicine တွင် ဖော်ပြခဲ့သော ကာကွယ်ဆေး ပထမအဆင့် စမ်းသပ်မှု ရလဒ်များအရ စေတနာ့ ဝန်ထမ်း ၄၅ ဦးသည် ၂၈ ရက်ခြားပြီး ကာကွယ်ဆေး အထိုးခံခဲ့ပြီးနောက် ပဋိပစ္စည်း ထုတ်လုပ်မှု မြင့်တက်လာခဲ့ကြောင်း အဖြေထွက်ခဲ့သည်ဟု ဆိုသည်။
ပထမအကျော့ ကာကွယ်ဆေး အထိုးခံပြီးနောက် ပဋိပစ္စည်း ထုတ်လုပ်မှု ပို၍မြင့်မားခဲ့သော စေတနာ့ဝန်ထမ်းများသည် ဒုတိကအကျော့တွင် ပဋိပစ္စည်း ကိုယ်ပိုင်ထုတ်လုပ်နိုင်မှုကို ရရှိခဲ့ကြောင်း လေ့လာမှုက ဖော်ပြခဲ့သည်။
ကာကွယ်ဆေး စမ်းသပ်ခံ စေတနာ့ဝန်ထမ်း ထက်ဝက်ကျော်တွင် ဘေးထွက်ဆိုး ကျိုးသက်ရောက်မှု အပျော့စားအဆင့် ရှိခဲ့ပြီး ထိုအခြေအနေသည် သာမန်ဟု သတ်မှတ်နိုင်သည်ဟု သုတေသနပညာရှင်များက ဆိုသည်။
ဗိုင်းရပ်စ်ကို တုံ့ပြန်သည့် ခုခံအားကို လှု့ံဆော်ရန်အတွက် လူ့ခန္ဓာကိုယ်အတွင်း စပိုက်ပရိုတိန်း ကြီးထွားဖွံ့ဖြိုးလာရန် လိုအပ်သည့် RNA မျိုးဗီဇကို သုံးစွဲထားသော Moderna ၏ ကာကွယ်ဆေးသည် အဆင့်မြင့် ကာကွယ်ဆေးသစ် တစ်မျိုးဖြစ်သည်။
စပိုက်ပရိုတိန်းသည် လူ၏ဆဲလ်များအတွင်း ကျုးကျော်ဝင်ရောက်ရန် ဗိုင်းရပ်စ်က သုံးစွဲသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။ နည်းပညာအဆင့်မြင့်လာသောကြောင့် ဓာတ်ခွဲခန်းအတွင်း ဗိုင်းရပ်စ်ပရိုတိန်းများ ထုတ်လုပ်ရန် မလိုတော့ဘဲ ကာကွယ်ဆေး အမြောက်အမြားထုတ်လုပ်နိုင်ရန် အထောက်အကူ ဖြစ်လာခဲ့သည်။
ထိုနည်းပညာကို အသုံးပြုထုတ်လုပ်ထားသော ကာကွယ်ဆေးများကို ဆေးဝါးထိန်းချုပ်ကွပ်ကဲရေးအဖွဲ့များက သဘောတူ ခွင့်ပြုချက် မပေးထားခဲ့ဖူးပေ။
ကမ္ဘာတစ်ဝန်းတွင် ကာကွယ်ဆေး အမျိုးအစား နှစ်ဒါဇင်နီးပါး စမ်းသပ်နေကြပြီး အဆင့်အမျိုးမျိုးတွင် ရောက်ရှိစမ်းသပ်နေကြသည်။ တရုတ်နှင့် ဗြိတိန်မှ အလားအလာရှိသော ကာကွယ်ဆေးများသည် နောက်ဆုံးအဆင့် စမ်းသပ်မှုများ ဆောင်ရွက်နေကြပြီဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
