အင်ဒိုနီးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် အစောပိုင်း ခန့်မှန်းထားမှုထက် နောက်ကျပြီး သြဂုတ် (သို့မဟုတ်) စက်တင်ဘာတွင် အထွတ်အထိပ်ရောက်ရှိမည်ဟု ခန့်မှန်းထားသည်ဟု သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ Antara က ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
“ အချက်အလက်တွေအရ သြဂုတ် (သို့မဟုတ်) စက်တင်ဘာမှာ ဗိုင်းရပ်စ်ကူးစက်မှုက အထွတ်အထိပ်ရောက်မယ်လို့ ခန့်မှန်းထားတယ်။ ဒါက ကျွန်တော် လက်ခံရရှိခဲ့တဲ့ နောက်ဆုံး ခန့်မှန်းချက်ပါ” ဟု ဝီဒိုဒိုက ပြောကြားခဲ့သည်။
အင်ဒိုနီးရှား၌ မေ (သို့မဟုတ်) ဇွန်တွင် COVID-19 ရောဂါကူးစက်သူ စုစုပေါင်း ၉၅,၀၀၀ ခန့်ရှိပြီး ကူးစက်မှုအထွတ်အထိပ် ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း အစိုးရအဖွဲ့အကြံပေးတစ်ဦးက ဧပြီတွင် ပြောကြားခဲ့ဖူးသည်။
ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ပိုမိုကြိုးစားအားထုတ်ရန် ဝန်ကြီးများကို တိုက်တွန်းခဲ့ကြောင်း ဝီဒိုဒိုက ပြောကြားခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံ အင်ဒိုနီးရှား၌ ဇူလိုင် ၁၃ ရက်အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၇၆,၉၈၁ ဦးအနက် သေဆုံးသူ ၃,၆၅၆ ဦးရှိခဲ့ပြီး တရုတ်ပြီးလျှင် အရှေ့အာရှတွင် ကူးစက်မှုအမြင့်ဆုံးနိုင်ငံ ဖြစ်ခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် အနောက်ဂျာဗားရှိ စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးစင်တာတစ်ခု၌ အစုလိုက် ဗိုင်းရပ်စ်ကူးစက်မှုသစ်ဖြစ်ပေါ်ခဲ့ပြီး ယင်းစင်တာရှိ ဗိုလ်လောင်းနှင့် နည်းပြ ၁,၂၆၂ ဦးတွင် ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် လုံလောက်သည့် အားထုတ်ခြင်းမျိုး မလုပ်ဆောင်နိုင်ပါက အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခြင်း (သို့မဟုတ်) အစိုးရအေဂျင်စီများကို ဖျက်သိမ်းခြင်း လုပ်ဆောင်ရန် အသင့်ဖြစ်နေပြီဟု သမ္မတ ဝီဒိုဒိုက ပြီးခဲ့သည့်လတွင် သတိပေးပြောကြားခဲ့သည်။
အများပြည်သူဆိုင်ရာ နေရာများတွင် နှာခေါင်းစည်း မတပ်ခြင်းအစရှိသော ကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်သူများအား အရေးယူရန် အစိုးရအဖွဲ့က စဉ်းစားသုံးသပ်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
