အိန္ဒိယနိုင်ငံတွင် နေ့အလိုက် သေဆုံးသူသစ် ၅၀၀ ခန့်ရှိလာပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း တစ်သန်းနီးပါးအထိ မြင့်တက်ခဲ့ပြီးနောက် နည်းပညာဗဟိုချက်ဖြစ်သော ဘန်ဂလိုမြို့၌ ဇူလိုင် ၁၄ ရက်တွင် Lockdown ပြန်လည်ချမှတ်ခဲ့သည်။
မတ်လနှောင်းပိုင်းတွင် ကမ္ဘာ၌ အတင်းကျပ်ဆုံး Lockdown စီမံချက်များချမှတ်ခဲ့သည့် အိန္ဒိယအစိုးရသည် ဧရာမ စီးပွားရေးထိခိုက်မှုကို လျော့ပါးစေရန် ထိုစည်းမျဉ်းများကို တဖြည်းဖြည်းလျှော့ချခဲ့သည်။
သို့သော် ဗိုင်းရပ်စ်ကူးစက်မှုသည် ဆက်လက်မြင့်တက်ခဲ့ပြီး ဇူလိုင် ၁၃ အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၉၀၀,၀၀၀ ကျော်အနက် ၂၄,၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းများအရ သိရသည်။
မွမ်ဘိုင်းနှင့် မြို့တော် နယူးဒေလီသည် ယခုထိ ဗိုင်းရပ်စ်ကူးစက်မှု အဆိုးရွားဆုံးမြို့များ ဖြစ်နေသော်လည်း လူဦးရေ ၁၃ သန်းကျော်ရှိသည့် တောင်ပိုင်းမြို့ ဘန်ဂလိုသည် ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာသည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။
ဘန်ဂလိုမြို့တွင် ခုနစ်ရက်ကြာ Lockdown ချထားမှုကို ဒေသစံတော်ချိန် ည ရှစ်နာရီတွင် စတင်မည်ဟု အစိုးရအဖွဲ့က အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ အရေးပေါ် အခြေအနေများမှလွဲပြီး သယ်ယူပို့ဆောင်ရေးကို ပိတ်ပင်မည်ဖြစ်ပြီး အခြေခံလိုအပ်သည့်ပစ္စည်းများ ရောင်းချသည့် ဆိုင်များကိုသာ ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်သည်။
ဘန်ဂလိုမြို့ အသက်သွေးကြောဖြစ်သည့် နည်းပညာကဏ္ဍတွင် ကုမ္ပဏီများသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းများ စီမံခန့်ခွဲမှုကို လည်ပိတ်နိုင်မည်ဖြစ်သော်လည်း အဆောက်အအုံတစ်ခုတွင် ဝန်ထမ်း ၅၀ ရာခိုင်နှုန်းဖြင့်သာ လည်ပတ်ခွင့်ပြုခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်မှုသစ် ၁,၃၃၃ ဦးအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး စုစုပေါင်း ကူးစက်သူစုစုပေါင်း ၄၀,၀၀၀ အနက် ၂၃ ဦး သေဆုံးခဲ့သည့် အနောက်ဘက်ရှိ Pune မြို့တွင်လည်း ဇူလိုင် ၁၃ ၌ Lockdown စီမံချက်များ ပြန်လည်ချမှတ်ခဲ့သည်။
လူဦးရေ သန်း ၂၀၀ ခန့်ရှိပြီး အိန္ဒိယ၏ လူဦးရေအထူထပ်ဆုံး ပြည်နယ်ဖြစ်သည့် အူတာပရာဒေ့ရှ်နှင့် တမီလ်နာဒူ၊ အာသံပြည်နယ်တို့ပါဝင်သည့် အခြားပြည်နယ်များတွင်လည်း ကန့်သတ်ချက်သစ်များ ချမှတ်ခဲ့သည်။
ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းမှုနှင့်ပတ်သက်ပြီး အစောပိုင်းတွင် ချီးကျူးခံခဲ့ရသည့် ကေရာလာပြည်နယ်တွင်လည်း ပြည်နယ်မြို့တော် Thiruvananthapuram အပါအဝင် တစ်ဒါဇင်ခန့်ရှိသော ဒေသများတွင် ဇူလိုင် ၂၃ အထိ တင်းကျပ်သောထိန်းချုပ်မှုများ ချမှတ်ခဲ့သည်။ ပင်လယ်ကွေ့နိုင်ငံများတွင် သွားရောက်လုပ်ကိုင်သူများ နေရပ်သို့ ပြန်လာခဲ့ပြီးနောက် ကေရာလာပြည်နယ်တွင် ဗိုင်းရပ်စ်ကူးစက်သူ ၈,၀၀၀ ကျော် ရှိလာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
