မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာ ၁၀ ရက်တွင် ၂၀၂၂ ကမ္ဘာ့ဖလား နှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုဒုတိယပွဲအဖြစ် ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ရမည့်ပွဲအတွက် စက်တင်ဘာ ၇ ရက် (ယနေ့) ညနေပိုင်းတွင် ပြန်လည်လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ဂျပန်အသင်းနှင့်ပွဲမတိုင်မီ စက်တင်ဘာ ၅ ရက်က မွန်ဂိုလီးယားအသင်းနှင့် အဝေးကွင်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရသောကြောင့် စက်တင်ဘာ ၇ ရက်မှသာ ပြန်လည်လေ့ကျင့်နိုင်ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း တောင်ပံကစားသမား မောင်မောင်လွင်သည် မွန်ဂိုလီးယားနှင့်ပွဲတွင် အနီကတ်ဖြင့် ထုတ်ပယ်ခံရ သောကြောင့် ဂျပန်အသင်းနှင့် အိမ်ကွင်းပွဲတွင် ပါဝင်ကစားနိုင်မည်မဟုတ်ရာ နည်းပြချုပ် ရာဒူလိုဗစ်အနေဖြင့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ရမည်ဖြစ်သည်။
မြန်မာအသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ တွင် ဂျပန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ မွန်ဂိုလီးယားအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး စက်တင်ဘာ ၅ ရက်က ကစားသည့် အုပ်စုပထမနေ့တွင် တာဂျစ်ကစ္စတန်နှင့် မွန်ဂိုလီးယားအသင်းတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့သည်။
အုပ်စုပထမနေ့တွင် အာရှထိပ်သီး ဂျပန်အသင်း၏ပွဲစဉ်ပါဝင်ခြင်းမရှိဘဲ တာဂျစ်ကစ္စတန်အသင်းက ကာဂျစ္စတန်အသင်းကို (၁-၀) ဂိုး၊ မွန်ဂိုလီးယားအသင်းက မြန်မာအသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရ ခဲ့သည်။
မြန်မာအသင်းသည် အိမ်ကွင်းပထမဆုံးပွဲတွင် နာမည်ကြီး ဂျပန်အသင်းနှင့် တွေ့ဆုံ နေခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
