ပထမအကျော့က အိမ်ကွင်းမှာ (၂-၃)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကို ဒီပွဲမှာ နယ်သာလန်တို့ ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့တယ်။ တစ်ပွဲလုံးခြုံကြည့်မယ်ဆိုရင် နယ်သာလန်ရဲ့အကောင်းဆုံးခြေစွမ်းကို မြင်တွေ့ခဲ့ရတဲ့ပွဲပါ။ အထူးသဖြင့် ဒုတိယပိုင်းကစားပုံက အပြစ်ပြောစရာမရှိခဲ့ဘူး။ ဝိုင်နယ်လ်ဒမ်းဟာ ကွင်းလယ်မှာသာမက တိုက်စစ်မှာပါ အကောင်းဆုံးခြေစွမ်းနဲ့ အသင်းကိုကူညီနိုင်ခဲ့တယ်။
ဂျာမနီ ၂-၄ နယ်သာလန်
ယူရို-၂၀၂၀ ခြေစစ်ပွဲအုပ်စုပွဲစဉ်များ ပွဲပြီးသုံးသပ်ချက်
ပထမအကျော့က အိမ်ကွင်းမှာ (၂-၃)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကို ဒီပွဲမှာ နယ်သာလန်တို့ ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့တယ်။ တစ်ပွဲလုံးခြုံကြည့်မယ်ဆိုရင် နယ်သာလန်ရဲ့အကောင်းဆုံးခြေစွမ်းကို မြင်တွေ့ခဲ့ရတဲ့ပွဲပါ။ အထူးသဖြင့် ဒုတိယပိုင်းကစားပုံက အပြစ်ပြောစရာမရှိခဲ့ဘူး။ ဝိုင်နယ်လ်ဒမ်းဟာ ကွင်းလယ်မှာသာမက တိုက်စစ်မှာပါ အကောင်းဆုံးခြေစွမ်းနဲ့ အသင်းကိုကူညီနိုင်ခဲ့တယ်။
နှစ်သင်းစလုံး အဓိကကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပြီး ပထမပိုင်းမှာ ဂျာမနီက အခွင့်အရေးပိုရခဲ့တယ်။ ဒါကြောင့် ပွဲချိန် (၉)မိနစ်မှာပဲ ဦးဆောင်ဂိုးရခဲ့ပြီး နာဘရီက အနီးကပ်ပိတ်သွင်းယူခဲ့တာပါ။ ဂျာမနီအသင်း နောက်ထပ်အခွင့်အရေးတချို့ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ပထမပိုင်းမှာ (၁-၀)ဂိုးနဲ့ပဲ ဦးဆောင်နိုင်ခဲ့တယ်။
ဒုတိယပိုင်းမှာတော့ နယ်သာလန်အသင်းရဲ့ တုံ့ပြန််မှုက ဂျာမနီကို အခက်တွေ့စေခဲ့ပြီး နည်းပြရော်နယ်လ်ကိုးမန်းရဲ့လူစားလဲမှုမှန်ကန်ခဲ့တာကလည်း အရေးပါခဲ့တယ်။
ပွဲချိန် (၅၉)မိနစ်မှာ ကွင်းလယ်လူ ဒီယွန်းက ဘာဘယ်လ်ရဲ့ပေးပို့မှုကို တစ်ချက်ထိန်းပြီး အမှားအယွင်းမရှိ ကန်သွင်းယူခဲ့တယ်။ ဒီဂိုးဟာ လှပပြီးအဆင့်မြင့်တဲ့ဂိုးတစ်ဂိုးအဖြစ် ချီးကျူးခံခဲ့ရတယ်။
ချေပဂိုးရသွားပြီးနောက် နယ်သာလန်အသင်းဟာ တိုက်စစ်ကို ပိုမိုလိုက်ပါကစားခဲ့ပြီး ပွဲချိန် (၆၆)မိနစ်မှာ ဒီပိုင်းရဲ့ကန်ချက်ကို ဂျာမနီနောက်ခံလူ တီအာဟာ တားဆီးရာက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာကြောင့် နယ်သာလန်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့တယ်။ ပွဲချိန် (၇၃)မိနစ်မှာတော့ ဒီပွဲရဲ့ အငြင်းပွားဖွယ်ဖြစ်ရပ်တစ်ခုကို မြင်တွေ့ခဲ့ရတယ်။ ဒီလစ်နဲ့ ဂျာမနီကွင်းလယ်လူ နီကိုရှူလ်ဇ်တို့ ဘောလုံးယှဉ်လုရာက ဒီလစ်ရဲ့လက်နဲ့ဘောလုံးထိခဲ့တာကို ပေါ်တူဂီဒိုင်လူကြီးဒိုင်ယက်ဇ်က ပယ်နယ်တီသတ်မှတ်ခဲ့တာပါ။ ဒါကို ကွင်းလယ်လူ တိုနီကရို့စ်က အမှားအယွင်းမရှိ ကန်သွင်းခဲ့ပြီး (၂-၂)ဂိုးဖြစ်သွားခဲ့တယ်။
နယ်သာလန်အသင်းကတော့ နိုင်ပွဲရဖို့အားကုန်ထုတ်ကစားခဲ့ပြီး ပွဲချိန် (၇၉)မိနစ်မှာ ဝိုင်နယ်လ်ဒမ်းရဲ့ဖန်တီးပေးမှုကနေ လူစားဝင်လာတဲ့ လူငယ်တိုက်စစ်ကစားသမား မာလန်က ပိတ်သွင်းယူခဲ့တယ်။ နယ်သာလန်အတွက် အနိုင်သေချာစေမယ့်ဂိုးကိုတော့ ပွဲချိန် (၉၀+၁)မိနစ်မှာ ဒီပိုင်းရဲ့ဖန်တီးပေးမှုကို ခြေစွမ်းပြနေတဲ့ ဝိုင်နယ်လ်ဒမ်းက သွင်းယူခဲ့ပြီး ဂျာမန်မြေမှာ ထိုက်ထိုက်တန်တန်နိုင်ပွဲရယူခဲ့တာပါ။
■ယူရို-၂၀၂၀ ခြေစစ်ပွဲအုပ်စုပွဲစဉ်ရလဒ်များ
အက်စ်တိုးနီးယား ၁-၂ ဘီလာရုစ်
ဆိုက်ပရပ်စ် ၁-၁ ကာဇက်စတန်
ဝေးလ်စ် ၂-၁ အဇာဘိုင်ဂျန်
ဆလို်ဗက်ကီးယား ၀-၄ ခရိုအေးရှား
ဆလိုဗေးနီးယား ၂-၀ ပိုလန်
သြစတြီးယား ၆-၀ လတ်ဗီးယား
စကော့တလန် ၁-၂ ရုရှား
ဆန်မာရီနို ၀-၄ ဘယ်လ်ဂျီယံ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
