ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် အမေရိကန်နာမည်ကျော်အားကစားအသုံးအဆောင်ပစ္စည်းထုတ်လုပ်သည့် Nike ကုမ္ပဏီနှင့်ချုပ်ဆိုထားသောစာချုပ်အရ စပွန်ဆာကြေးယူရို (၁၆၂)သန်းရရှိမည်ဟု ဂျာမန်အခြေစိုက် Der Spiegel မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ Der Spiegel မဂ္ဂဇင်းသည် ဘောလုံးလောက၏လျှို့ဝှက်အချက်အလက်များကိုဖော်ထုတ်နေသော Football Leaks ဝက်ဘ်ဆိုက်မှ နောက်ဆုံးရရှိသည့် အချက်အလက်တစ်ခုကိုဖော်ပြခဲ့ခြင်းလည်းဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် အမေရိကန်နာမည်ကျော်အားကစားအသုံးအဆောင်ပစ္စည်းထုတ်လုပ်သည့် Nike ကုမ္ပဏီနှင့်ချုပ်ဆိုထားသောစာချုပ်အရ စပွန်ဆာကြေးယူရို (၁၆၂)သန်းရရှိမည်ဟု ဂျာမန်အခြေစိုက် Der Spiegel မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ Der Spiegel မဂ္ဂဇင်းသည် ဘောလုံးလောက၏လျှို့ဝှက်အချက်အလက်များကိုဖော်ထုတ်နေသော Football Leaks ဝက်ဘ်ဆိုက်မှ နောက်ဆုံးရရှိသည့် အချက်အလက်တစ်ခုကိုဖော်ပြခဲ့ခြင်းလည်းဖြစ်သည်။
အသက်(၃၄)နှစ်ရှိ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် မန်ယူအသင်းတွင်ပါဝင်ကစားခဲ့သည့် ၂၀၀၄ ခုနှစ်ကတည်းက Nike ကုမ္ပဏီနှင့်လက်တွဲခဲ့သူဖြစ်ပြီး ယင်းအချိန်က အခြေခံစပွန်ဆာကြေးအဖြစ် ယူရို (၃.၆၅)သန်းရရှိခဲ့သည်။ စီရော်နယ်လ်ဒိုသည် Nike ကုမ္ပဏီနှင့် လက်ရှိစာချုပ်မှာ ၂၀၂၆ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အခြေခံစပွန်ဆာကြေးယူရို (၁၆၂)သန်းအပြင် တစ်ဦးချင်းဆုတံဆိပ်ရယူနိုင်ပါက ဆုကြေးအဖြစ် ယူရို (၄)သန်း ထပ်မံရရှိဦးမည်ဖြစ်ကြောင်း သိရသည်။
Spiegel မဂ္ဂဇင်းက '' စီရော်နယ်လ်ဒိုအနေဖြင့် စပွန်ဆာစာချုပ်သက်တမ်းအတွင်း ဥရောပထိပ်တန်းအဆင့်အသင်းတစ်သင်းတွင် ကစားနေသမျှကာလပတ်လုံး တစ်နှစ် ယူရို(၁၆.၂)သန်း ရရှိမည်'' ဟု ဖော်ပြခဲ့သည်။ ယင်းသို့အချက်အလက်များပေါက်ကြားခဲ့ခြင်းအတွက် မေးမြန်းမှုကို Nike ကုမ္ပဏီက '' မိမိတို့အနေဖြင့် ကစားသမားများ၏စာချုပ်ပါအချက်အလက်များနှင့်ပတ်သက်ပြီး မည်သည့်မှတ်ချက်မျှ ပေးမည်မဟုတ်'' ဟု တုံ့ပြန်ခဲ့သည်။
ဂျာမနီကစားသမားများအနက် စပွန်ဆာမှဝင်ငွေအများဆုံးရရှိသူမှာ အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်ဖြစ်ပြီး Adidas ကုမ္ပဏီနှင့်ချုပ်ဆိုထားသည့် စာချုပ်အရ တစ်နှစ်ယူရို (၁.၂)သန်းရရှိနေကြောင်း Der Spiegel မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ သို့ရာတွင် အိုဇေးလ်အနေဖြင့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် လက်ရွေးစင်အသင်းမှ အနားယူခဲ့ရာ Adidas ကုမ္ပဏီနှင့်ချုပ်ဆိုထားသည့်စာချုပ်မှ စပွန်ဆာကြေး ယူရို (၈)သိန်းလျှော့ချခံခဲ့ရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
