Transfermarkt ၏ တန်ဖိုးသတ်မှတ်ချက်များအရ ကမ္ဘာ့တန်ဖိုးအကြီးဆုံးလူစာရင်းကို ပိုင်ဆိုင်ထားသည့် အသင်း (၂၀)စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ မန်စီးတီးအသင်းက ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရသည်။
မန်စီးတီးအသင်းတွင် အင်္ဂလန်တောင်ပံကစားသမား စတာလင်က စျေးကွက်ပေါက်စျေး ပေါင် (၁၂၆)သန်းဖြင့် အများဆုံးဖြစ်ပြီး ဒီဘရိုင်းနားက ပေါင် (၁၁၇)သန်းဖြင့် ဒုတိယအများဆုံးနေရာတွင်ရှိနေသည်။
ထို့ပြင် စျေးကွက်ပေါက်စျေးအမြင့်ဆုံး ကစားသမား (၁ဝဝ)ဦးထဲတွင် မန်စီးတီးအသင်းတစ်သင်းလုံးမှ ကစားသမားများပါဝင်နေပြီး၊ တစ်သင်းလုံးစုစု ပေါင်းတန်ဖိုးတွင်မူ ပေါင် (၁.၁၄)ဘီလီယံဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေခြင်းဖြစ်သည်။
ဒုတိယနေရာတွင်မူ ရီးယဲလ်မက်ဒရစ်အသင်းက ရပ်တည်လျက်ရှိပြီး၊ လက်ရှိ စျေးကွက်ပေါက်စျေး (ပြောင်းရွှေ့ကြေးမဟုတ်) ပေါင် (၁၃၅)သန်းရှိနေသည့် အေဒင်ဟာဇက်အပါအဝင် တစ်သင်းလုံးတန်ဖိုး စုစုပေါင်းမှာ ပေါင် (၁.ဝရ)ဘီလီယံ ရှိနေသည်။
တစ်သင်းလုံးတန်ဖိုး ပေါင် (၁)ဘီလီယံသို့ ပထမဆုံးရောက်ရှိခဲ့သည့် ဘာစီလိုနာအသင်းမှာမူ ယခုအချိန်တွင်လည်း ပေါင် (၁.ဝ၃)ဘီလီယံဖြင့် တတိယနေရာတွင်ရှိနေပြီး မက်ဆီ၏ စျေးကွက်ပေါက်စျေး ပေါင် (၁၃၅)သန်းအထိ ထိုးဆင်းသွားခြင်းက ယခုကဲ့သို့တတိယနေရာရောက်ရှိစေခဲ့ခြင်းလည်းဖြစ်သည်။
ထိပ်ဆုံး(၁၀)သင်းစာရင်းတွင် မန်စီးတီးပြီးနောက် ရီးယဲလ်၊ ဘာစီလိုနာ၊ လီဗာပူးလ်၊ PSG၊ စပါး၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်၊ အက်သလက်တီကိုနှင့် ချယ်လ်ဆီးတို့က အစဉ်လိုက် ရပ်တည်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
