စပိန်အသင်းနောက်ခံလူ ရာမို့စ်သည် ရိုမေးနီးယားအသင်းအား အနိုင်ရသည့်ပွဲတွင် (၁) ဂိုးသွင်းယူပြီးနောက် အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစာရင်းတွင် အဆင့် (၁၀) နေရာသို့ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။
စပိန်အသင်းနောက်ခံလူ ရာမို့စ်သည် ရိုမေးနီးယားအသင်းအား အနိုင်ရသည့်ပွဲတွင် (၁) ဂိုးသွင်းယူပြီးနောက် အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစာရင်းတွင် အဆင့် (၁၀) နေရာသို့ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။
ရာမို့စ်သည် ပြီးခဲ့သည့် ကြာသပတေးနေ့က ကစားခဲ့သည့် ယူရို-၂၀၂၀ ခြေစစ်ပွဲ ရိုမေးနီးယား (၁-၂) စပိန်ပွဲတွင် စပိန်အသင်းအတွက် အဖွင့်ဂိုးကို ပယ်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့သည်။
ယင်းမှာ ရာမို့စ်အတွက် စပိန်လက်ရွေးစင်ကစားသမားဘဝ (၂၁) ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပြီး ဂိုးသွင်းအများဆုံးစာရင်းတွင် အဆင့် (၁၀)၌ ရပ်တည်နေသည့် စပိန်ကွင်းလယ်လူဟောင်း မီချယ်လ်၏ သွင်းဂိုးအရေအတွက်နှင့် တူညီခဲ့ခြင်းလည်း ဖြစ်သည်။
ထို့ပြင် ရာမို့စ်သည် ရိုမေးနီးယားအသင်းနှင့်ပွဲတွင် စပိန်အသင်းအတွက် ပွဲ (၁၆၆) ပွဲပြည့်မြောက်ခဲ့ပြီး အသင်းသမိုင်းတွင် ပွဲအများဆုံးကစားထားသည့် ဂိုးသမား ကာစီးလက်စ်(၁၆၇ ပွဲ)၏ စံချိန်ကို ကျော်ဖြတ်နိုင်ရန် (၂) ပွဲသာလိုတော့ကြောင်းလည်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်သည် စပိန်လက်ရွေးစင်အသင်းအတွက် ၂၀၀၅ ခုနှစ်တွင် စတင်ပွဲထွက်ကစားပြီး (၁၅) နှစ်တာကာလအတွင်း (၁၆၆) ပွဲကစားကာ (၂၁) ဂိုး သွင်းယူပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
