ဂျာမနီအသင်းကွင်းလယ်လူ တိုနီကရို့စ်က ပြီးခဲ့သည့် (၂) နှစ်အတွင်း တိုးတက်လာသည့် နယ်သာလန်အသင်းအနေဖြင့် အသင်းတိုင်းကို ဒုက္ခပေးနိုင်စွမ်းရှိကြောင်း အသင်းဖော်များကို တိုက်တွန်းပြောကြားခဲ့သည်။
ဂျာမနီအသင်းကွင်းလယ်လူ တိုနီကရို့စ်က ပြီးခဲ့သည့် (၂) နှစ်အတွင်း တိုးတက်လာသည့် နယ်သာလန်အသင်းအနေဖြင့် အသင်းတိုင်းကို ဒုက္ခပေးနိုင်စွမ်းရှိကြောင်း အသင်းဖော်များကို တိုက်တွန်းပြောကြားခဲ့သည်။
ဂျာမနီအသင်းသည် ယနေ့ညတွင် ယူရို-၂၀၂၀ ခြေစစ်ပွဲအဖြစ် နယ်သာလန်အသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည် ဖြစ်သည်။
ဂျာမနီအသင်းသည် ပြီးခဲ့သည့် မတ်လက ကစားခဲ့သည့် ပထမအကျော့ပွဲစဉ်တွင် နယ်သာလန်အသင်းကို (၃-၂) ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ယခုပွဲစဉ်မှာ ခက်ခဲမည်ဟု ကရို့စ်က ပြောကြားခဲ့သည်။
ကရို့စ်က "ပြီးခဲ့တဲ့ (၂) နှစ်အတွင်းမှာ နယ်သာလန်အသင်း အများကြီးတိုးတက်လာခဲ့ပါတယ်။ နယ်သာလန်နဲ့ တွေ့ဆုံတိုင်း ပွဲကြီးပွဲကောင်းတွေ ဖြစ်လေ့ရှိပြီး အခု ကစားမယ့်ပွဲစဉ်ကလည်း ခက်ခဲမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အသင်းကတော့
အပြောင်းအလဲများစွာနဲ့ ရင်ဆိုင်ရခဲ့ပြီး အခုထက်ထိ အကောင်းဆုံးပုံစံကို မရသေးပါဘူး။ နယ်သာလန်က အသင်းတိုင်းကို ဒုက္ခပေးနိုင်စွမ်းရှိတဲ့ အသင်းဖြစ်ပြီး ကျွန်တော်တို့က သူတို့ကို တားဆီးရမှာပါ"ဟု ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဂျာမနီနှင့် နယ်သာလန်တို့၏ ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ်ကို ယနေ့ည (မြန်မာစံတော်ချိန် စနေနံနက် ၁:၁၅ နာရီ)တွင် ကစားမည် ဖြစ်သည်။
လက်ရှိ အုပ်စု (C) အမှတ်ပေးဇယားရပ်တည်မှုတွင် မြောက်အိုင်ယာလန်အသင်းက (၄)ပွဲကစား၊ (၄)ပွဲနိုင်၊ ရမှတ် (၁၂)မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဂျာမနီအသင်းက (၃)ပွဲကစား (၃)ပွဲနိုင် ရမှတ် (၉)မှတ်ဖြင့် ဒုတိယနှင့် နယ်သာလန်အသင်းက (၂)ပွဲကစား၊ (၁)ပွဲနိုင်၊ (၁)ပွဲရှုံး ရမှတ် (၃)မှတ်ဖြင့် တတိယနေရာ၌ ရပ်တည်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
