ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီသည် အသင်းနှင့်စာချုပ်မှာ ၂၀၂၁ ခုနှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်သော်လည်း အသက်(၃၂)နှစ်ပြည့်ပြီးနောက် ရာသီကုန်ချိန်တိုင်း အသင်းမှထွက်ခွာနိုင်သည့်သဘောတူညီချက်ကို ထည့်သွင်းချုပ်ဆိုထားကြောင်း စပိန်သတင်းစာ El Pais က ဖော်ပြခဲ့သည်။
ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီသည် အသင်းနှင့်စာချုပ်မှာ ၂၀၂၁ ခုနှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်သော်လည်း အသက်(၃၂)နှစ်ပြည့်ပြီးနောက် ရာသီကုန်ချိန်တိုင်း အသင်းမှထွက်ခွာနိုင်သည့်သဘောတူညီချက်ကို ထည့်သွင်းချုပ်ဆိုထားကြောင်း စပိန်သတင်းစာ El Pais က ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ဇွန်(၂၄)ရက်က အသက်(၃၂)နှစ် ပြည့်ခဲ့သည့် မက်ဆီသည် ၂ဝဝ၅ ခုနှစ်တွင် ဘာစီလိုနာအသင်းနှင့် ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်က (၈)ကြိမ်မြောက်အဖြစ် နောက်ဆုံးချုပ်ဆိုခဲ့ရာ၌ ယင်းအချက်ကို ထည့်သွင်းထားကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ယခင်ကလည်း အသင်းကစားသမားဟောင်းများဖြစ်သည် ပူယိုးလ်၊ အင်နီယေစတာနှင့် ဇာဗီတို့ကို အသက် (၃၂) နှစ်ပြည့်ပြီးနောက် ရာသီကုန်တိုင်း အသင်းမှထွက်ခွာနိုင်သည့် သဘောတူညီချက်ကို ၎င်းတို့၏စာချုပ်များတွင် ထည့်သွင်းချုပ်ဆိုခဲ့ဖူးကြောင်း El Pais က ဖော်ပြခဲ့သည်။
ဘာစီလိုနာအသင်းသည် ၂၀၂၁ ခုနှစ်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် မက်ဆီကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် အလိုရှိနေကြောင်း သိရသည်။ သို့သော် မက်ဆီက ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် မိမိအနေဖြင့် လူငယ်ကစားသမားဘဝက ကစားခဲ့သည့် အာဂျင်တီးနားကလပ် နယူးဝဲလ်အိုးဘွိုင်းစ်အသင်းသို့ ပြောင်းရွှေ့ကစားနိုင်သည်ဟု ဝန်ခံထားသည်။
မက်ဆီသည် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၆၈၇)ပွဲတွင် (၆၀၃)ဂိုး သွင်းယူပေးထားပြီး ယခုရာသီတွင်မူ လေ့ကျင့်ရေးကွင်းတွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် ဘာစီလိုနာအသင်း၏ လာလီဂါအဖွင့်ပွဲစဉ် (၃) ပွဲစလုံးကို လွဲချော်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
