လီဗာပူးလ်အသင်းနောက်ခံလူ ဗန် ဒိုက်သည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီ ချန် ပီယံလိဂ်ပြိုင်ပွဲတွင် အပြေးအမြန်ဆုံးကစားသမားအဖြစ် မန်စီးတီးတောင်ပံကစားသမား ဆာနေးနှင့် ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်တို့ကိုကျော်ကာ ထိပ်ဆုံးတွင် အံ့အားသင့်ဖွယ်ရပ်တည်ခဲ့ကြောင်း UEFA နည်းစနစ်ပိုင်းဆိုင်ရာအစီရင်ခံစာအရ သိရသည်။
လီဗာပူးလ်အသင်းနောက်ခံလူ ဗန် ဒိုက်သည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီ ချန် ပီယံလိဂ်ပြိုင်ပွဲတွင် အပြေးအမြန်ဆုံးကစားသမားအဖြစ် မန်စီးတီးတောင်ပံကစားသမား ဆာနေးနှင့် ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်တို့ကိုကျော်ကာ ထိပ်ဆုံးတွင် အံ့အားသင့်ဖွယ်ရပ်တည်ခဲ့ကြောင်း UEFA နည်းစနစ်ပိုင်းဆိုင်ရာအစီရင်ခံစာအရ သိရသည်။
အသက်(၂၈)နှစ်အရွယ်ရှိ နယ်သာလန်နောက်ခံလူ ဗန်ဒိုက်သည် ပြီးခဲ့သည့်ရာသီက လီဗာပူးလ်အသင်း ချန်ပီယံလိဂ်ချန်ပီယံဆုရရှိရာတွင် အဓိကနေရာမှ ပါဝင်ခဲ့ပြီး UEFA တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့သည်။
UEFA နည်းစနစ်ပိုင်းဆိုင်ရာအစီရင်ခံစာတွင် ဗန်ဒိုက်သည် ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ဆီမီး ဖိုင်နယ် ပထမအကျော့ ဘာစီလိုနာ (၃-ဝ) လီဗာပူးလ်ပွဲတွင် (၁)နာရီလျှင် (၃၄.၅)ကီလို မီတာနှုန်းဖြင့် ပြေးခဲ့ပြီး အပြေးအမြန်ဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့ခြင်းဖြစ်သည်။
ဗန်ဒိုက်နောက်တွင် မန်စီးတီးတောင်ပံကစားသမား ဆာနေးက (၁)နာရီလျှင် (၃၄.၄) ကီလိုမီတာနှုန်းဖြင့် ရပ်တည်နေသည်။
ဆာနေးသည် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် မန်စီးတီး (၂-၁) ဟော်ဖန်ဟင်မ်ပွဲတွင် ယင်းနှုန်းဖြင့် ပြေးခဲ့ခြင်းဖြစ်သည်။ တတိယနေရာတွင် ဆာနေး၏ မန်စီးတီးအသင်းဖော် အင်္ဂလန်နောက်ခံလူ ဝေါ်လ်ကာက (၁)နာရီလျှင် (၃၄.၂)ကီလိုမီတာဖြင့် ရပ်တည်နေသည်။
အေဂျက်စ်အသင်းတိုက်စစ်ကစားသမား တာဒစ်မှာမူ ပြီးခဲ့သည့်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ပွဲစဉ်(၁)ပွဲအတွင်း တာတိုပြေးမှု အများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့သည်။ တာဒစ်သည် (၁)ပွဲလျှင် ပျမ်းမျှတာတိုပြေးမှု (၆၂.၂၅) ကြိမ်အထိ ရှိခဲ့သည်။ ၎င်းနောက်တွင် နာပိုလီတောင်ပံကစားသမား ကယ်လီဟွန်က (၅၅.၈၃) ကြိမ်ဖြင့် ရပ်တည်နေကြောင်း သိရသည်။
■ ၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်၌ အပြေးအမြန်ဆုံးကစားသမား
ကစားသမား KM/H ပွဲ
ဗန်ဒိုက် ၃၄.၅ ဘာစီလိုနာ - လီဗာပူးလ်
ဆာနေး ၃၄.၄ မန်စီးတီး - ဟော်ဖန်ဟင်မ်
ဝေါ်လ်ကာ ၃၄.၂ မန်စီးတီး - စပါး
ဂါရတ်ဘေးလ် ၃၃.၈ ရီးယဲလ် - ရိုးမား
အမ်ဘိုလို ၃၃.၅ ဂါလာတာစာရေး - ရှော်လ်ကေး
■ ၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်၌ တာတိုပြေးမှုအများဆုံး ကစားသမားများ
ကစားသမား အသင်း (၁) ပွဲပျမ်းမျှတာတိုပြေးမှု
တာဒစ် အေဂျက်စ် (၆၂.၂၅) ကြိမ်
ကယ်လီဟွန် နာပိုလီ (၅၅.၈၃) ကြိမ်
မာနေ လီဗာပူးလ် (၅၄.၃၈) ကြိမ်
အယ်လီ စပါး (၅၃.၇၅) ကြိမ်
ပါရီဆစ် အင်တာမီလန် (၅၃.၁၇) ကြိမ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
