ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက စံချိန်တင်အမြတ်ငွေရရှိခဲ့ကြောင်း စက်တင်ဘာလ (၄) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက စံချိန်တင်အမြတ်ငွေရရှိခဲ့ကြောင်း စက်တင်ဘာလ (၄) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ပြီးခဲ့ သည့်ရာသီက စံချိန်တင်ဝင်ငွေတစ်ရပ်ဖြစ် သည့် ယူရို (၇၅၀.၄)သန်းအထိ ရရှိခဲ့ပြီး အခွန်ဆောင်ပြီး အသားတင်အမြတ်ငွေ ယူရို (၅၂.၅) သန်းရရှိခဲ့ကြောင်း သိရသည်။
ယင်းမှာ ၂၀၁၇-၁၈ ရာသီ အသားတင်အမြတ်ငွေနှင့် နှိုင်းယှဉ်မည်ဆိုလျှင် (၇၈) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းဒုဥက္ကဋ္ဌ ယန်ခရစ္စတီယန်ဒရီးဆန်က အခုကဲ့သို့ အမြတ်ငွေရရှိခဲ့ခြင်းမှာ စပွန်ဆာစာချုပ်သစ်များနှင့် ရုပ်သံမှ ဝင်ငွေများမြင့် တက်လာခြင်းကြောင့်ဖြစ်ကြောင်း အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်း၏ ၂၀၁၈-၁၉ ရာသီ ဝင်ငွေ ယူရို (၇၅၀.၄) သန်းမှာ ၂၀၁၇-၁၈ ရာသီနှင့် နှိုင်းယှဉ်မည်ဆိုလျှင် (၁၄.၁၂) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အခွန်မဆောင်မီ အမြတ်ငွေမှာလည်း (၆၃) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
ဂျာမန် နာမည်ကျော်စီးပွားရေးသတင်းစာ Handelsblatt က ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရှုံးထွက် (၁၆) သင်း အဆင့်မှ ထွက်ခွာခဲ့ရသော်လည်း ယခုကဲ့သို့ စံချိန်တင်အမြတ်ငွေရရှိခဲ့ခြင်းမှာ ချီးကျူးစ ရာကောင်းကြောင်း ဖော်ပြခဲ့သည်။
သို့သော် ဘိုင်ယန်မြူးနစ်အသင်းအနေ ဖြင့် ဝင်ငွေရရှိမှုတွင် စပိန်ထိပ်သီးအသင်း ကြီးများကို လိုက်မမီသေးကြောင်း သိရသည်။ ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်ရာသီက ဝင်ငွေ ယူရို(၁)ဘီလီယံနီးပါးရရှိခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းမှာလည်း ဝင်ငွေ ယူရို(၇၅၇) သန်းရရှိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
