ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ချန်ပီယံဆု ငါးကြိမ်ရရှိထားသည့် ဖက်ဒါရာသည် ယခုနှစ် ပြိုင်ပွဲ၌ ဆီဒင် ၃ သတ်မှတ်ခံထားရပြီး ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဒီမီထရော့ဗ် (ဆီဒင်မဲ့) နှင့် ယှဉ်ပြိုင်ကစားရာ ငါးပွဲအပြည့် ကစားပြီးနောက် မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ဂရင်းစလင်းချန်ပီယံဆု အကြိမ် ၂၀ ရရှိထားသည့် ၀ါရင့်ဆွစ်ဇာလန်တင်းနစ်သမား ရော်ဂျာဖက်ဒါရာသည် ယူအက်စ်အိုးပင်းဂရင်းစလင်းပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ကမ္ဘာ့အဆင့် (၇၈) ဘူလ်ဂေးရီးယား ကစားသမား ဒီမီထရော့ဗ်ကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ချန်ပီယံဆု ငါးကြိမ်ရရှိထားသည့် ဖက်ဒါရာသည် ယခုနှစ် ပြိုင်ပွဲ၌ ဆီဒင် ၃ သတ်မှတ်ခံထားရပြီး ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဒီမီထရော့ဗ် (ဆီဒင်မဲ့) နှင့် ယှဉ်ပြိုင်ကစားရာ ငါးပွဲအပြည့် ကစားပြီးနောက် မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဖက်ဒါရာသည် ပထမပွဲတွင် ၆-၃ ဖြင့် ပွဲပြတ်အနိုင်ရပြီး ပွဲကစားချိန်မှာလည်း ၂၉ မိနစ်သာကြာမြင့်သောကြောင့် ဆီမီးဖိုင်နယ်သို့ အလွယ် တကူတက်ရောက်နိုင် ဖွယ်ရှိကြောင်း သုံးသပ်မှုများရှိခဲ့သည်။
သို့သော် ဒုတိယပွဲတွင် ဒီမီထရော့ဗ်က ၆-၄ ဖြင့်လည်းကောင်း၊ တတိယပွဲတွင် ဖက်ဒါရာက ၆-၃ ဖြင့်လည်းကောင်း၊ စတုတ္ထပွဲတွင် ဒီမီထရော့ဗ်က ၆-၄ ဖြင့်လည်း ကောင်း အပြန်အလှန်အနိုင်ရသောကြောင့် နောက်ဆုံး ပွဲအထိ ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။ ပဥ္စမပွဲတွင်မူ ဒီမီထရော့ဗ်က ဖက်ဒါရာ၏ စပေးဘောအလှည့် နှစ်ကြိမ်ဆက်တိုက် အနိုင်ယူကာ ၄-၀ ဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ပွဲအပြီးတွင်လည်း ၆-၂ ဖြင့် အနိုင်ရခဲ့သည်။
သို့ဖြစ်ရာ ဒီမီထရော့ဗ် (၂၈ နှစ်) အနေဖြင့် ၁၉၉၁ ခုနှစ်နောက်ပိုင်း ၂၈ နှစ်အတွင်း ယူအက်စ်အိုးပင်း ဆီမီးဖိုင်နယ်သို့တက်ရောက်ဖူးသူများအနက် ကမ္ဘာ့အဆင့်ရပ်တည်မှု အနိမ့်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင် ခဲ့ကြောင်း သိရသည်။ ဒီမီထရော့ဗ်သည် ဆီမီးဖိုင်နယ်တွင် ရုရှားကစားသမား မက်ဗီဒက်ဗ် (ဆီဒင် ၅) နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
