ကာတာနိုင်ငံသည် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲလိုဂိုကို ဒိုဟာမြို့တွင် ပြသခဲ့ခြင်းဖြစ်ပြီး လိုဂိုကို အာရပ်တို့ဝတ်ဆင်သည့် လည်စည်းပဝါပုံစံယူကာ ပုံဖော်ထားခြင်းဖြစ်သည်။ လိုဂိုတွင် ကာတာနိုင်ငံ၏အလံရောင်ကို အသုံး ပြုထားသလို အာရပ်၏ဓလေ့ထုံးတမ်းများနှင့် စာသားများ ပါဝင်ကြောင်း သိရသည်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကာတာနိုင်ငံသည် (၂၂) ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လိုဂိုကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
ကာတာနိုင်ငံသည် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲလိုဂိုကို ဒိုဟာမြို့တွင် ပြသခဲ့ခြင်းဖြစ်ပြီး လိုဂိုကို အာရပ်တို့ဝတ်ဆင်သည့် လည်စည်းပဝါပုံစံယူကာ ပုံဖော်ထားခြင်းဖြစ်သည်။ လိုဂိုတွင် ကာတာနိုင်ငံ၏အလံရောင်ကို အသုံး ပြုထားသလို အာရပ်၏ဓလေ့ထုံးတမ်းများနှင့် စာသားများ ပါဝင်ကြောင်း သိရသည်။
ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများက " ပြိုင်ပွဲလိုဂိုကို ဆောင်းရာသီမှာ အာရပ်လူမျိုးတွေ ဝတ်ဆင်တဲ့ ရိုးရာလည်စည်းကို အတုယူပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်}}ဟု ပြောကြားခဲ့သည်။ ကာတာနိုင်ငံသည် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲလိုဂိုကို စတင်မိတ်ဆက်ပြီးနောက် ဒိုဟာမြို့တွင် LED ဘုတ်များဖြင့် ပြသခဲ့သလို၊ ကမ္ဘာအနှံ့တွင်လည်း ကြော်ငြာခဲ့ကြောင်း သိရသည်။ ကာတာနိုင်ငံသည် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲလိုဂိုကို လန်ဒန်၊ နယူးယောက်နှင့် ပါရီမြို့တို့အပါအဝင် မြို့ကြီး (၂၈)မြို့တွင် ပြသခဲ့ကြောင်း သိရသည်။
ကာတာနိုင်ငံသည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ (၂၁)ရက် မှ ဒီဇင်ဘာ (၁၈) ရက်အထိ ကျင်းပမည်ဖြစ်သည်။ ၂၀၂၂ ကမ္ဘာ့ဖလားလိုဂို မထုတ်ဖော်မီ ကျင်းပပြီးစီးခဲ့သည့် ပြိုင်ပွဲ (၂၁) ကြိမ်မှ စိတ် ကြိုက်လိုဂိုကို ဖီဖာဝက်ဘ်ဆိုက်တွင် ပရိသတ် (၃၄၀၀၀၀) ကျော်မဲပေးခဲ့ပြီး ၁၉၈၆ မက္ကဆီကိုကမ္ဘာ့ဖလားလိုဂိုက မဲ (၅၃) ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
