သြဂုတ် ၈ ရက်ကတည်းက ကစားသမားခေါ်ယူမှုပြီးဆုံးခဲ့သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲက ပေါင် ၁.၄၁ ဘီလီယံဖြင့် ငွေသုံးစွဲမှုအများဆုံးလိဂ်အဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်ကတင်ရှိထား သည့်စံချိန်ကို ချိုးဖျက်နိုင်ခြင်းမရှိဘဲ ဒုတိယသုံးစွဲမှုအများဆုံးရာသီအဖြစ်သာ မှတ်တမ်းဝင်ခဲ့သည်။
ဥရောပလိဂ်ပြိုင်ပွဲများ၏ နွေရာသီအပြောင်းအရွှေ့ကာလမှာ ပြီးဆုံးသွားပြီဖြစ်ပြီး ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒစ်လီဂါ၊ လီဂူး-၁ စသည့် ထိပ်တန်းလိဂ်ငါးခု၏ ကစားသမားခေါ်ယူမှုအသုံးစရိတ်မှာ ပေါင်ငါးဘီလီယံဖြင့် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။
ဗြိတိန်အခြေစိုက် ကမ္ဘာ့ထိပ်တန်း Deloitte စာရင်းအင်းကုမ္ပဏီက ထုတ်ပြန်သည့်စာရင်းအရ ဥရောပထိပ်တန်းလိဂ်ငါးခု၏ အသုံးစရိတ်စုစုပေါင်းမှာ ၂၀၁၈ ခုနှစ်က စံချိန်တင်ထားသည့်ပမာဏထက် ပေါင်သန်း ၈၀၀ မြင့်တက်လာပြီး ပေါင်ငါးဘီလီယံဖြင့် စံချိန်သစ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သြဂုတ် ၈ ရက်ကတည်းက ကစားသမားခေါ်ယူမှုပြီးဆုံးခဲ့သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲက ပေါင် ၁.၄၁ ဘီလီယံဖြင့် ငွေသုံးစွဲမှုအများဆုံးလိဂ်အဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်ကတင်ရှိထား သည့်စံချိန်ကို ချိုးဖျက်နိုင်ခြင်းမရှိဘဲ ဒုတိယသုံးစွဲမှုအများဆုံးရာသီအဖြစ်သာ မှတ်တမ်းဝင်ခဲ့သည်။ ထို့အပြင် ပရီးမီးယားလိဂ်အနေဖြင့် ကစားသမားများ ပြန်လည်ရောင်းချရာမှ ပေါင်သန်း ၈၀၀ ခန့် ပြန်လည်ရရှိခဲ့သောကြောင့် အသားတင်အသုံးစရိတ် ပေါင် ၅၇၅ သန်းသာရှိပြီး နောက်ဆုံးလေးနှစ်အတွင်း အသားတင်သုံးစွဲမှု အနည်းဆုံးရာသီလည်းဖြစ်လာသည်။
သို့သော် စက်တင်ဘာ ၂ ရက်တွင် အပြောင်းအရွှေ့ပိတ်သိမ်းခဲ့သည့် လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒစ်လီဂါနှင့် လီဂူး-၁ ပြိုင်ပွဲတို့က သမိုင်းတစ်လျှောက် စံချိန်တင်အသုံးစရိတ်သုံးစွဲခဲ့သောကြောင့် ပေါင်ငါးဘီလီယံ အထိရောက်ရှိခဲ့ခြင်း ဖြစ်သည်။ လာလီဂါပြိုင်ပွဲက ၂၀၁၇ ခုနှစ်တွင်သုံးစွဲခဲ့သည့်ပမာဏထက် နှစ်ဆ မြင့်တက်လာပြီး ပေါင် ၁.၂၄ ဘီလီယံအထိရောက်ရှိလာသလို သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် ပေါင်တစ်ဘီလီယံအထက် သုံးစွဲခဲ့ခြင်းဖြစ်သည်။
ထို့အပြင် စီးရီးအေပြိုင်ပွဲက ပေါင် ၁.၀၆ ဘီလီယံ၊ ဘွန်ဒစ်လီဂါပြိုင်ပွဲက ပေါင် သန်း ၆၇၀ နှင့် လီဂူး-၁ ပြိုင်ပွဲက ပေါင် ၆၀၅ သန်းဖြင့် လိဂ်ပြိုင်ပွဲအလိုက် စံချိန်သစ်များတင်ခဲ့ကြောင်း သိရသည်။ ယခုနွေရာသီအပြောင်း အရွှေ့၏ ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမားမှာ ဘင်ဖီကာအသင်းမှ အက်သလက်တီကိုအသင်းသို့ ပေါင် ၁၁၃ သန်းဖြင့်ရောက်ရှိလာသည့် ပေါ်တူဂီလူငယ်ကြယ်ပွင့် ယာအိုဖီးလစ်ဖြစ်ပြီး ဂရီးဇ်မန်း (အက်သလက်တီကိုမှ ဘာစီလိုနာ) က ပေါင် ၁၀၈ သန်း၊ ဟာဇက် (ချယ်လ်ဆီးမှ ရီးယဲလ်) က ပေါင်သန်း ၉၀ ဖြင့် အစဉ်လိုက်ရပ်တည်နေရာ လာလီဂါကစားသမားများကသာ ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
