ဘက်စုံကိုယ်ခံပညာသုံး တိုက်ခိုက်ရေးပြိုင်ပွဲများအနက် အဆင့်မြင့်ဆုံးဖြစ်သည့် ပြိုင်ပွဲ၏ လိုက်ဝိတ်တန်းချန်ပီယံ ရုရှားကစားသမား ခါဘစ်နာမာဂိုမီဒေါ့ဗ်နှင့် အမေရိကန်ကစားသမား ဒပ်စတင်ပွိုင်ရီယာတို့၏ ချန်ပီယံခါးပတ်ပေါင်းစည်းပွဲကို ယူအေအီးနိုင်ငံ အဘူဒါဘီမြို့၌ စက်တင်ဘာ ၇ ရက် (ယနေ့) ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
UFC 243 ပြိုင်ပွဲသည် အဘူဒါဘီမြို့၌ တတိယအကြိမ်ကျင်းပသည့် UFC ပြိုင်ပွဲဖြစ် ပြီး ခါဘစ်နှင့် ဒပ်စတင်ပွိုင်ရီယာတို့၏ အဓိကပွဲစဉ် အပါအဝင် တွဲဆိုင်းစုစုပေါင်း ၁၃ ပွဲထည့်သွင်း ကျင်းပမည်ဖြစ်သည်။
MMAကစားသမားဘဝတစ်လျှောက် ၂၇ ပွဲထိုးသတ်ထားပြီး ပွဲ အားလုံးအနိုင်ရထားသူ ခါဘစ်သည် ဒုတိယမြောက် ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ခြင်းဖြစ်သလို ပြီးခဲ့သည့်နှစ် အောက်တိုဘာတွင် မက်ဂရီဂေါ်ကို လည်ပင်းချုပ်ကွက်ဖြင့် အနိုင်ရပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်ထိုးသတ်သည့်ပွဲလည်းဖြစ်သည်။
ခါဘစ်သည် ယင်းပွဲအပြီးတွင် မက်ဂရီဂေါ်နှင့် ပြဿနာဖြစ်ပွားခဲ့သောကြောင့် ကိုးလပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ် ကြေးချမှတ်ခံရသဖြင့် တစ်နှစ်နီးပါးအကြာမှသာ ပြန်လည်ထိုးသတ်ရခြင်းဖြစ်သည်။
၎င်းနှင့်ထိုးသတ်မည့် ပွိုင်ရီယာမှာလည်း ဧပြီတွင်ကျင်းပသည့် UFC 236 ပြိုင်ပွဲ၌အနိုင်ရကာ ကြားဖြတ်လိုက်ဝိတ်တန်းချန်ပီယံ ဖြစ်လာသူဖြစ်သည်။
ပွိုင်ရီယာသည် MMA ပြိုင်ပွဲများတွင် ၃၁ ပွဲထိုးသတ်ဖူးပြီး ၂၅ ပွဲနိုင်၊ ငါးပွဲရှုံးနိမ့်ကာ တစ်ပွဲမှာမူ ပြိုင်ဘက်ကစားသမား၏ စည်းမျဉ်းချိုးဖောက်မှုကြောင့် ပွဲ ပျက်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးသည် အသက် (၃၀ စီ) နှင့် ကိုယ်အလေးချိန် (၁၅၅ ပေါင်စီ) တူညီသလို အရပ်နှင့် လက်တံအရှည်မှာလည်း ကွာခြားမှု မရှိကြောင်းသိရသည်။
ယင်းပွဲစဉ်ကို မြန်မာစံတော်ချိန် ည ၁၂ နာရီခွဲတွင် FOX Sports -1 ရုပ်သံလိုင်းမှ တိုက်ရိုက်ပြသမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
